" So in Love ''
အခန်း ( ၂၈ )
ဘားအံမြို့လေးရဲ့ အေးချမ်းတဲ့ ညချမ်းလေးမှာ နှစ်ယောက်သား တည်ခိုးခန်းလေးတစ်ခုမှာ သာယာကြည်နူးနေကြတာကတော့ စစ်နှစ်စစ်လို့ ပြောလို့ရတဲ့ စစ်အောင်ဦးနဲ့ ခွန်းစစ်လင်းပါ။
" ခွန်း.... ''
" ပြောလေ ထဝမ် ''
" မနက်ဖြန် ဇွဲကပင်တောင်ပေါ်သို့ တက်ရအောင် ''
" မင်းတက်ချင်လို့လား ''
" အင်း ငယ်ငယ်ကရောက်ဖူးပေမဲ့ မရောက်တာကြာပြီးလေ ''
" အင်းလေ သွားကြတာပေါ့ ''
" ပြီးတော့ တောင်ဝိုင်းရော သွားမယ်နော် ''
" မင်းသဘောပါဗျာ ''
" အဲ့တာကြောင့် ချစ်တာ သိလား ''
" ချွဲနေပြန်ပြီး ပြော ဘာလိုချင်နေသေးတာလဲ ''
" အာဘွား ''
" ပေးမှာပေါ့ '' ပြောပြီး အနားကိုကပ်သွားကာ အနမ်းလေးတစ်ပွင့်ပေးလိုက်လေတော့သည်။
" ကျန်သေးတယ် ပြီးရင် မန္တလေးကိုလည်း သွားချင်တယ် ''
" ဘားအံကပြန်ရင် သွားကြမယ်လေ ''
" တကယ်နော် ''
" တကယ်ပေါ့ ကိုယ့်ရဲ့ ထဝမ်လေး ဘာလုပ်ချင်လဲ အကုန်ရတယ် ထဝမ်လေးသာ ကိုယ့်အနားရှိနေဖို့ဘဲ လိုတာ သိလား ''
" ဟုတ် ''
" မင်းဘာကြောင့် ချစ်ဖို့ကောင်းနေတာလဲ ပြောစမ်းပါဦး ''
" ငယ်ငယ်က စစ်အောင်ဦးနဲ့ အခု စစ်အောက်ဦး ဘယ်ဟာပိုချစ်ဖို့ကောင်းလဲ ''
" အတူတူဘဲကို ''
" မတူပါဘူး အရင်က ကလေးလေ ကိုယ်အရမ်းကိုဖြူစင်ခဲ့တာပေါ့ ''
" ဘာလဲ အခုက မဖြူစင်တော့လို့လား ''
" ဟုတ်တယ်လေ မဖြူစင်တော့ဘူး ''
" ဘာပြောတယ် မင်း ''
ခွန်းစစ်လင်း တစ်ယောက် မျက်နှာတွေနီတက်လာနေတော့သည်။
" တစ်ရက်ကပေါ့ ငါ့ကို ''
" ဘယ်ကောင်လဲ မင်းကို ဘာလုပ်တာ ပြောစမ်း ''
ESTÁS LEYENDO
''အချစ်ဆိုသည်မှာ " ( Completed )
Romanceဂိုဏ်းစတားဆန်ဆန် လူငယ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ ခွန်းစစ်လင်းဆိုသော အနေတည်သော၊ တည်တံ့ပြီး ကြည့်ကောင်းကောင်းသောကောင်လေးတစ်ယောက်နှင့် ထိုင်းမြန်မာကပြားကောင်လေးဖြစ်တဲ့ စစ်အောင်ဦးတို့ရဲ့ အဓိကဇာတ်အိမ်တည်ထားသော ဇာတ်လမ်းလေးပါ။ တစ်ယောက်ကိုတစ်ယောက် အနစ်နာခံခ...