" So in Love ''
အခန်း ( ၅ )
" ကျေးဇူးပါသားရယ် '' စစ်အောင်ဦး၏ ဖခင်ဖြစ်သူကပြောလေတော့သည်။
" ရပါတယ် ဦးရယ် ကျွန်တော်တို့က သူငယ်ချင်းတွေဘဲ ကူညီပေးရမှာပေါ့ ''
" အဲ့ကောင်လေးက အဲ့လိုဘဲ အရမ်းဂျစ်တာ ပြောလိုက်ရင်လည်း ပြန်မပြောနားမထောင်လေး မနက်ကတောင် ဦးတားသေးတယ် မရဘူး ကျောင်းသွားဖို့ချည်း လုပ်နေတာ ''
" တစ်မနက်လုံး ဖျားနေတာ အဲ့တာတောင် နေ့လည်မုန့်စားဆင်းချိန်မှာ အတင်းခေါ်လာတာ ''
" အေးအေး အခုရော သက်သာပြီးထင်တယ် ''
" ဆေးရှိန်နဲ့ အိပ်ပျော်နေတာ ''
" မင်းကိုတော့ ဦးလေးစားသွားပြီး ''
" ဘာလို့ ''
" ဦးရဲ့သားကို ဆေးခန်းခေါ်နိုင်တာ မင်းဘဲရှိသေးလို့ သူကဆေးခန်းအရမ်းကြောက်တာ အပ်လည်း သေအောင်ကြောက်သေး ''
" အဲ့တာတော့ ဖြစ်နိုင်တယ် ဆေးခန်းမှာတောင် ဆရာဝန်ကိုတောင် ဂျစ်နေသေးတာ မနည်းပြောရတယ် ''
" အေး သားကအဲ့လိုဘဲ ''
" ဟုတ် ''
" ကဲ သားလည်း နောက်ကျနေပြီး ညစာစားပြီးမှ ပြန်ပါလား ဦးတစ်ခုခုလုပ်လိုက်မယ်လေ ''
" ရပါတယ် ဦး အလုပ်ရှုပ်နေပါ့မယ် ''
" အေးကွာ နောက်တစ်ခါတော့ မငြင်းရဘူးနော် အိမ်ကလည်း စိတ်ပူနေမယ်ထင်တယ် မြန်မြန်ပြန်လိုက်ဦး ''
" ဟုတ်ကဲ့ပါဦး သူနိုးလာရင် သားပြန်သွားပြီးလို့ ပြောပေးနော် ''
" အေးပါ ဦးပြောပေးလိုက်ပါ့မယ်ကွာ ''
ထို့နောက် ခွန်းစစ်လင်းလည်း အိမ်သို့ပြန်လာခဲ့လေတော့သည်။ ခွန်းစစ်လင်းဘဝမှာ သူများကို ကူညီဖူးပေမယ့် အခုလောက်ထိတော့ မလုပ်ဖူးခဲ့ပေ။ ကျောင်းစာသင်ချိန်ပျက်တာရယ် ဆေးခန်းပို့တာရယ် လိုတာလေးတွေ လုပ်ခဲ့ပေးတာရယ် ဒါတွေက ပထမဦးဆုံး လုပ်ပေးဖူးခြင်းပါ။ အဲ့တာကလည်း အဲ့လူက စစ်အောင်ဦးဖြစ်နေလို့လည်း ပါတာပါ။ အတန်းထဲသို့ စစချင်းဝင်လာကတည်းက ခွန်းစစ်လင်းက စစ်အောင်ဦးကို သတိထားမိပြီးသားပါ။ ပိိန်ပိန်ပါပါးဖြူဖြူကောင်လေးက ကြောင်တောင်တောင်နဲ့ အားကိုးတကြီးကြည့်နေသော မျက်ဝန်းတွေကအစ သူအားလုံးသိနေပါသည်။ သိနေသလိုနဲ့ စိတ်ထဲမှာလည်း စစ်အောင်ဦးကို သူတစ်နေရာရာမှာ နေရာပေးချင်နေမိလေသည်။ ဒါတွေက တစ်ခါမှ လုံးဝမဖြစ်ဘူးသော သူရဲ့ ခံစားချက်လေးပါ။ အဲ့တာကြောင့်လည်း ရှောင်ရှားပြီး လုံးဝအကပ်မခံခဲ့တာပါ ဒါပေမဲ့လည်း စစ်အောင်ဦးက သူ့အားအတင်းကပ်ကာ အမှတ်တွေယူနေသေးလေသည်။
YOU ARE READING
''အချစ်ဆိုသည်မှာ " ( Completed )
Romanceဂိုဏ်းစတားဆန်ဆန် လူငယ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ ခွန်းစစ်လင်းဆိုသော အနေတည်သော၊ တည်တံ့ပြီး ကြည့်ကောင်းကောင်းသောကောင်လေးတစ်ယောက်နှင့် ထိုင်းမြန်မာကပြားကောင်လေးဖြစ်တဲ့ စစ်အောင်ဦးတို့ရဲ့ အဓိကဇာတ်အိမ်တည်ထားသော ဇာတ်လမ်းလေးပါ။ တစ်ယောက်ကိုတစ်ယောက် အနစ်နာခံခ...