" အချစ်ဆိုသည်မှာ " အပိုင်း ( ၁၁ )

453 32 0
                                    

" So in Love ''

        အခန်း ( ၁၁ )

       နှစ်ယောက်သား ရေမိုးချိုးပြီး ခွန်းစစ်လင်းအိမ်ကထွက်လာခဲ့လေတော့သည်။ သတိထားမောင်းနော်ဟူသော မိခင်စကားကိုလည်း ကြားလိုက်သေးသည်။ ခွန်းစစ်လင်းတစ်ယောက် ဆိုင်ကယ်မောင်းနေရင်း အသာလေးအရှိန်လေးကိုလျော့ကာ လက်တစ်ဖက်က စစ်အောင်ဦးရဲ့ လက်ကလေးကို ကိုင်ပြီး သူ့၏ခါအား ဖက်ထားစေတော့သည်။

" ဘာဖြစ်နေတာလဲ ''

" ခါးဖက်ထားလေကွာ ဆိုင်ကယ်မောင်းရင်း နောက်ကလူက ခါးလေးကိုဖက်ထားမှ ဖီးလ်လင်အပြည့်ရတာ ''

" အီဘာ့ ''

" ငါ့ကိုအရူးပြောပြန်ပြီး ''

" မှတ်မိသားဘဲ ''

" မမှတ်မိစရာလား ထဝမ်ရာ ''

" မင်းနော် ''

" ကဲပါ ဖက်ထားပါ ငါဆိုင်ကယ်အရှိန်ပြန်တင်ရင် မင်းပြုတ်ကျသွားမှာနော် ''

" မင်းအမေနဲ့တိုင်မှာပေါ့ ''

" ငါကကြောက်မယ်များထင်နေတာလား ''

" အယ် အမေကိုပြောနေတာကြည့်စမ်း ''

" ဖက်ထားစမ်းပါကွာ မင်းကလည်း '' ပြောပြီး ကျန်နေတဲ့ လက်တစ်ဖက်ကိုပါ ဖက်ခိုင်းနေလေတော့သည်။ စစ်အောင်ဦးလည်း ခွန်းစစ်လင်းရဲ့ ခါးလေးကို ဖက်ထားလိုက်လေတော့သည်။ ခွန်းစစ်လင်းရဲ့ ကြည်နူးမှုအပြည့်နှင့် မျက်နှာလေး ပြုံးပျော်သွားတာ စစ်အောင်ဦး မမြင်ရပေမဲ့ သိနေပါသည်။ ထို့နောက်ဆိုင်ကယ်လေးကို အရှိန်လေးကို အနည်းငယ်ပြန်တင်းရင်း မောင်းသွားလေတော့သည်။

       မော်လမြိုင်မြို့ရဲ့ ညနေခင်း ကမ်းနားလမ်းအလှလေးက အရမ်းကို လှပသာယာနေပါသည်။ မြို့နေလူထု၏ စည်းကမ်းရှိမှု၊ စည်ပင်ဝန်ထမ်းတွေ၏ တာဝန်ယူမှုတွေကြောင့်နဲ့လည်း ကမ်းနားလမ်းတစ်လျှောက် သပ်ရပ်သန့်ရှင်းကာ အလွန်ကို လှပနေတော့သည်။ သံလွင်​မြစ်ကြီးမှ တိုက်ခတ်လာသော လေပြေလေးများက သူတို့ရဲ့ စိတ်ကို လန်းဆန်းစေလေတော့သည်။ ကမ်းနားတစ်လျှောက် စားသောက်ဆိုင်များလည်း ရှိသလို လူတွေညနေခင်းအလှနှင့် အမောပြေ ထိုင်နားရအောင် လုပ်ထားပေးသော ခုံတန်းများလည်း ရှိနေသေးရာ အလွန်အဆင်ပြေလှသည်။ အလှစိုက်ထားသော အရိပ်ကသစ်ပင်လေးများနှင့် ပန်းကလေးများကလည်း ကမ်းနားလမ်းရဲ့ အလှကို ပို၍တိုးစေသည်။

''အချစ်ဆိုသည်မှာ " ( Completed ) Waar verhalen tot leven komen. Ontdek het nu