" အချစ်ဆိုသည်မှာ " အပိုင်း ( ၂၅ )

318 19 0
                                    

" So in Love ''

     အခန်း ( ၂၅ )

  " ကျေးဇူးပြု၍ ခဏအစစ်ဆေးခံပါ ''

      စစ်အောင်ဦးတစ်ယောက် ဂိုဏ်းကကိစ္စနှင့် နေရာတစ်ခုကို ပစ္စည်းသွားပို့လေတော့သည်။ ခါတိုင်းဒီလမ်းကသွားနေကျဆိုပေမဲ့ ဒီနေ့မှ ဘယ်လိုဖြစ်တာလဲ မသိပေ။ လမ်းကြောရှင်းသည်ဟု သတင်းရထားသောကြောင့် ဒီနေ့ဒီအချိန်သူထွက်လာခဲ့ခြင်းပါ။ အခုတော့ ပြဿနာက စတက်လေပြီး။ ပစ္စည်းကလဲ ကားထဲမှာပါနေလေတော့သည် သေချာရှာဖွေပါက တွေ့နိုင်သွားလေသည်။ ဘယ်လိုလုပ်ရပါ့မလဲ....

" ဒီကညီလေး ခဏကားအောက်ကိုဆင်းပေးပါ ''

" ဟုတ်ဆရာတို့ ''

" ညီ့နာမည် ''

" စစ်အောင်ဦး ''

" မှတ်ပုံတင်လေး ခဏထုတ်ပြလို့ရမလား ကားမောင်းလိုင်စင်ရောပေါ့ ''

" ဟုတ်ရပါတယ်ဗျ ''

" ကျွန်တော်တို့က သတင်းပေးချက်အရ တာဝန်အရ စစ်ဆေးတာပါ ကျွန်တော်တို့ကို နားလည်ပေးပါ ''

" ဟုတ်ကဲ့ပါဆရာ ''

" ကဲ ကားထဲသေချာရှာကြည့်ကြ ''

     အရာခံဗိုလ်ကားကို စစ်ဆေးရန် အမိန့်ပေးလိုက်လေတော့သည်။ စစ်ဆေးမယ့်ရဲတွေက ငါးယောက်ခန့်ရှိနေလေတော့သည်။

" သွားပါပြီးကွာ '' သူ့စိတ်ထဲ​ပြောနေလေတော့သည်။ ထိုအချိန်တွင် ဘယ်ကမှန်းမသိသော ဆိုင်ကယ်တစ်စီးက သူ့ပုံစံအတိုင်း ဝတ်စားဆင်ယင်ကာ မျက်မှန်အနက်တပ်၍ သူ့ဘေးကားနားကနေ ဖြတ်လေတော့သည်။ စစ်အောင်ဦးက ကားဘေးရဲ့ ဘေးမှာ ရပ်နေလေတော့ မျက်စဖြင့် အမြန်လိုက်ခဲ့နော်ဟု အချက်ပြသွားလေတော့သည်။

" ဟိုဆိုင်ကယ်သမားကို သွားစစ် ''

      ပြောလို့ပင်မဆုံးသေးပေ ထိုဆိုင်ကယ်သမားသည် အစစ်ဆေးမခံလိုသောကြောင့် မောင်းပြေးလေတော့သည်။ ထိုအခါမှာ ရဲတွေက ထိုဆိုင်ကယ်သမားအား မသင်္ကာဖြစ်ပြီး ထိုဆိုင်ကယ်အနောက်သို့ လိုက်ကြလေတော့သည်။

" ညီလေး သွားလို့ရပြီး ''

" ကျေးဇူးပါဆရာ ''

''အချစ်ဆိုသည်မှာ " ( Completed ) Nơi câu chuyện tồn tại. Hãy khám phá bây giờ