" So in Love ''
အခန်း ( ၃၁ )
နိုင်ငံတော်ရဲ့ သတင်းစာမှာ သတင်းပါလာလေတော့သည်။ နိုင်ငံတော်ရဲ့ အလိုရှိနေသော တရားမဝင်ဂိုဏ်းများဖြစ်ကြသည့် အာရှကျားလေးကောင်ဂိုဏ်းနှင့် အာဆီယံထိပ်သီးဂိုဏ်းတို့၏ အရေးပါအရာရောက်သူ ခွန်းစစ်လင်းနှင့် စစ်အောင်ဦးတို့ကို မန္တလေးမြို့ရဲ့ တစ်နေရာ၌ လိုက်လံဖမ်းဆီးရာတွင် တရားမဝင်ဂိုဏ်းသားအချင်းချင်း ပြဿနာတက်ကာ ကားမတော်တဆဖြစ် နေရာ၌ ပွဲချင်းပြီး သေဆုံးသွားကြောင်း သတင်းပါလာလေတော့သည်။
သတင်းကိုကြားကြားချင်း စစ်အောင်ဦး၏ဖခင်မှာ အတော်လေးဒေါသထွက်နေလေတော့သည်။
" တောက် ငါ့သားကိုများ မင်းတို့က ဒီလိုနည်းနဲ့ လုပ်ကြံကြတာပေါ့ ဟုတ်လား တွေ့ကြသေးတာပေါ့ကွာ ငါ့သား စိတ်မပူနဲ အဖေလက်စားချေပေးမယ် ''
" ဆရာကြီး အခုက အစ်ကိုလေးရော အစ်ကိုလေးရဲ့.... '' စစ်အောင်ဦးဖခင်၏ အတွင်းလူယုံက ပြောလေတော့သည်။
" အဲ့တာ သူ့ချစ်သူ ဘာဖြစ်လဲ ''
" သူရော နေရာတည်း ဆုံးသွားတာတဲ့ ''
" အေး ခွန်းစစ်လင်းဆိုတာ ငယ်ငယ်လေးကတည်းက ငါ့သားကို အရမ်းချစ်ခဲ့တာ သူလည်း အတက်နိုင်ဆုံး ကာကွယ်မယ်ဆိုတာ ငါသိနေတယ် ''
" ဟုတ်.. ''
" ငါစဥ်းစားမရတာက သူတို့ဒီလောက်ပြဿနာဖြစ်နေတာ ငါ့ကိုဘာလို့များ အကြောင်းမကြားကြတာလဲ ''
" ဆက်သွယ်မရလို့များလား ''
" မဖြစ်နိုင်ဘူး ''
" ဒါဆို.... ''
" အဲ့တာထက် အရေးကြီးတာ ငါ့သားအလောင်းကို မြေမချခင် ငါတွေ့ချင်သေးတယ် ''
" မဖြစ်လောက်ဘူး ဆရာကြီး ရဲတွေသိကုန်မှာပေါ့ ''
" ဒီအတိုင်းတော့ ဘယ်သွားမှာလဲ ငါ့နည်းငါ့ဟန်နဲ့ ငါသွားမှာပေါ့ကွ ''
" အစစအရာရာ သတိထားပါ ဆရာကြီး ''
" အေးပါကွာ ''
" ဟုတ် ''
" နေဦး အာရှကျားလေးကောင်ဂိုဏ်းကို ဆက်သွယ်ထားပါ ငါကဆက်သွယ်လာတာပါလို့ ငါတို့ရဲ့ လူတွေအတွက် တရားမျှတမှုကို ငါတို့ပြန်ယူဖို့အတွက် ဆွေးနွေးချင်လို့လို့ ငါပြောတယ် ပြောလိုက် ''
YOU ARE READING
''အချစ်ဆိုသည်မှာ " ( Completed )
Romanceဂိုဏ်းစတားဆန်ဆန် လူငယ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ ခွန်းစစ်လင်းဆိုသော အနေတည်သော၊ တည်တံ့ပြီး ကြည့်ကောင်းကောင်းသောကောင်လေးတစ်ယောက်နှင့် ထိုင်းမြန်မာကပြားကောင်လေးဖြစ်တဲ့ စစ်အောင်ဦးတို့ရဲ့ အဓိကဇာတ်အိမ်တည်ထားသော ဇာတ်လမ်းလေးပါ။ တစ်ယောက်ကိုတစ်ယောက် အနစ်နာခံခ...