" အချစ်ဆိုသည်မှာ " အပိုင်း ( ၂၉ )

285 16 0
                                    

" So In Love ''

       အခန်း ( ၂၉ )

  " အရှင်ဘုရား တပည့်တော်၏ ချစ်ခြင်းတရားသည် မပျက်မယွင်း သူ့တစ်ယောက်တည်းသာ ချစ်ခဲ့ပါသည် အခြားတစ်ပါးသူအား စိတ်နှင့်တောင် မပြစ်မှား မချစ်ခဲ့ပါ ဤသစ္စာတရားမှန်ကန်ပါက ယနေ့ပြုရသော ကုသိုလ်နှင့် ထပ်တူအကျိုးပြု၍ ဘုရားတပည့်တော် ချစ်ရသော စစ်အောင်ဦးနှင့် ဘဝနေဝင်ချိန်ထိ အတူယှဥ်တွဲနေရလိုပါ၏ သူ၏စိတ်အစဥ်သည်လည်း တပည့်တော်၏ အပေါ်မှာသာ ရှိပါစေသား ''

       ခွန်းစစ်လင်းတစ်ယောက် ဘုရားမှာ ဆုတောင်းနေသည်။ သူပြုသမျှကုသိုလ်တွေနဲ့ ဆုတောင်းနေခြင်းပါ ဂိုဏ်းစတားတစ်ယောက်ဆိုပေမဲ့ ကုသိုလ်ပြုခြင်းနှင့် ရရှိလာမယ့်ကံတရားတို့ကို ယုံကြည်သူတစ်ယောက်ဖြစ်နေလေသည်။

" ထဝမ် ဘာဆုတောင်းလဲ ''

" ပြောပြဘူး ''

" စိတ်ပုတ်လိုက်တာကွာ ''

" ဟုတ်တယ် ''

" သိပြီးသားပါ ကိုယ့်နဲ့မခွဲဘဲ အတူနေရပါစေလို့ ဆုတောင်းတယ်မဟုတ်လား ''

" သိလည်း ဘာလို့မေးနေသေးလဲ ''

" ထဝမ်ပြောတာ ကြားချင်လို့ပေါ့ ''

" ကဲ ဘုရားလည်းဖူးပြီးပြီး ဓာတ်ပုံလည်း ရိုက်ပြီးပြီးဆိုတော့ ပြန်ဆင်းကြမယ်လေ ''

" အင်း ''

      တောင်ပေါ်ကနေ ပြန်ဆင်းလာကြလေတော့ နှစ်ယောက်သား ကြည်နူးမှုအပြည့်တွေနဲ့ပါ။ မိမိချစ်ရတဲ့သူနှင့်အတူတူ တောင်ပေါ်တက်ပြီး ဘုရားဖူးရတဲ့ ပီတိနှင့် ကြည်နူးမှုတွေဟာ ဘယ်သို့သော အရာတွေနဲ့မှ မလဲနိုင်ပါဘူး။ တကယ်ချစ်ရတဲ့သူတွေ့အဖို့ ဂုဏ်တွေမလိုအပ်ဘဲ တစ်ယောက်ကို နားလည်ပေးနေပြီး ချစ်နေကြမယ်ဆိုရင် လောကကြီးမှာ လမ်းခရီးလေးဟာ ဖြောင့်ဖြူးနေမှာပါ။

       ဇွဲကပင်တောင်လေးကနေ ဆင်းလာပြီး မန္တလေးဘက်သို့ ထွက်ခဲ့ကြလေတော့သည်။ တစ်လမ်းလုံးမှာ နှစ်ယောက်သား ကြည်နူးမှုတွေနဲ့ သာယာနေခဲ့ကြလေသည်။

        မန္တလေးမြို့ထဲသို့ ဝင်တာနဲ့ မြန်မာယဥ်ကျေးမှုနယ်မြေဆိုသည့်အတိုင်း မြန်မာ့ယဥ်ကျေးမှုနှင့် ထီးနန်းအငွေ့အသက်တွေကို ခံစားရလေတော့သည်။

''အချစ်ဆိုသည်မှာ " ( Completed ) Wo Geschichten leben. Entdecke jetzt