" So in Love ''
အခန်း ( ၉ )
ညနေကျောင်းဆင်းခေါင်းလောင်းထိုးတာနဲ့ ကျောင်းသားကျောင်းသူတွေ အသီးသီး ထွက်လာကြလေတော့သည်။
" စစ်အောင်ဦး ''
" ဟင်ပြောလေ မြတ်နိုး ''
" ခွန်းစစ်လင်းကို စောင့်နေလိုက်နော် ''
" ဘာလို့လဲ ''
" သူလိုက်ပို့မယ်မဟုတ်လား ပြောထားတယ်မဟုတ်လား ''
" ပြောတော့ပြောထားပါတယ် ''
" တစ်မျိုးမထင်နဲ့နော် ပြောစရာရှိတယ် ''
" အင်း ပြောလေ ''
" ခွန်းစစ်လင်းက စာတော်တဲ့ကျောင်းသားပါ ဒါပေမဲ့အခု သူအမှတ်တွေမကောင်းတာ နင့်ကြောင့်တဲ့ ''
" ဟင် ငါ့ကြောင့် ဟုတ်လား ''
" ဟုတ်တယ်တဲ့ ''
" ဘာဆိုင်လို့လဲ ''
" သူက နင့်ကြောင့်နဲ့ စိတ်တွေမငြိမ်မသက်ဖြစ်နေတာတဲ့ ''
" ဘာလို့တုန်း ''
" ငါလည်းအဲ့လိုဘဲ ထင်တယ် ''
" ဘာကိုထင်နေတာလဲ ''
ခွန်းစစ်လင်းတစ်ယောက် ဆိုင်ကယ်နဲ့ သူတို့နှစ်ယောက် အရှေ့ရောက်လာလေတော့သည်။
" ကဲ သူလည်းလာပြီးဆိုတော့ ငါပြန်တော့မယ် ''
" ငါရောက်လာမှနော် ''
" မဟုတ်ပါဘူး ငါကအဖော်စောင့်နေပေးတာ နင်လာကြိုမှာ သိလို့ ''
" မြတ်နိုးငါသိနေတယ်နော် နင့်ရုပ်က စပ်ဖြဲဖြဲနဲ့ ဘာတွေပေါက်ကရ ပြောထားတာလဲ ''
" ဘာပြောလို့လဲ ''
" စစ်အောင်ဦး ဘာပြောသေးလဲ သူ ''
" ကျောင်းပြောင်းလိုက်ပါလားတဲ့ ''
" ဘာ ဘာပြောတယ် ''
" ဟယ် အမှုကြီးအောင် လုပ်ပြန်ပြီး '' မြတ်နိုးမေက ပြောလေတော့သည်။
" မြတ်နိုးမေ နင်ဘာတွေ လိုက်ပြောနေတာလဲ ''
" ငါဘာမှမပြောရသေးဘူး ခွန်းစစ်လင်း ''
KAMU SEDANG MEMBACA
''အချစ်ဆိုသည်မှာ " ( Completed )
Romansaဂိုဏ်းစတားဆန်ဆန် လူငယ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ ခွန်းစစ်လင်းဆိုသော အနေတည်သော၊ တည်တံ့ပြီး ကြည့်ကောင်းကောင်းသောကောင်လေးတစ်ယောက်နှင့် ထိုင်းမြန်မာကပြားကောင်လေးဖြစ်တဲ့ စစ်အောင်ဦးတို့ရဲ့ အဓိကဇာတ်အိမ်တည်ထားသော ဇာတ်လမ်းလေးပါ။ တစ်ယောက်ကိုတစ်ယောက် အနစ်နာခံခ...