" So in Love ''
အခန်း ( ၄ )
စစ်အောင်ဦးတစ်ယောက် နောက်နေ့ကျောင်းသို့ ပုံမှန်ချိန်ထက်နောက်ကျလေတော့သည် ။ ကျောင်းတက်ခေါင်းလောင်း ထိုးမှ ရောက်လာလေတော့သည်။
" နောက်ကျလိုက်တာ စစ်အောင်ဦး တစ်ခါမှ နောက်မကျဖူးပါဘူး ဘာဖြစ်လို့လဲ '' ဗညားကျော်ကမေးလေတော့သည်။
" အေး ငါနည်းနည်းဖျားနေတာ အဲ့တာကြောင့် ''
" ဟင် မင်းဖျားနေတာလား ဘာလို့ဆေးခန်းမသွားဘဲ ကျောင်းလာနေတာလဲ ''
" ရပါတယ် နည်းနည်းပါ သက်သာသွားမှာပါ ''
" မင်းကတော့လေ ''
ခွန်းစစ်လင်း တစ်ယောက် စစ်အောင်ဦးအား ကြည့်ပြီး ဘာမှမပြောဘဲ ခေါင်းလေးဘဲ အသာအယာ ခါလေတော့သည်။
" မင်းက ဘာဖြစ်တာလဲ ခွန်းစစ်လင်း '' ဗညားကျော်ကပြောလေတော့သည်။
" ဘာမှမဖြစ်ဘူး ''
" ပြီးတာဘဲ ''
ထို့နောက် စစ်အောင်ဦးလည်း ခွန်းစစ်လင်းဘေးမှာ ဝင်ထိုင်လိုက်တော့သည်။ ပုံမှန်ထပ်ကို ခပ်ကွာကွာလေး ထိုင်နေလေတော့သည်။ ဒါကို ဗညားကျော်ရော ခွန်းစစ်လင်းပါ သတိထားမိလေတော့သည်။ စစ်အောင်ဦးထိုင်နေပုံက တစ်ဖက်ကိုတောင် ထိုးကျတော့မလို့ပါ။" မင်းက ဘာဖြစ်နေတာလဲ စားပွဲက ဘယ်မှာလဲ '' ခွန်းစစ်လင်းပြောရင်းနဲ့ စစ်အောင်ဦးအား အနားသို့ဆွဲကပ်လိုက်လေတော့သည်။
" ရပါတယ် မင်းဆီအဖျားကူးမှာစိုးလို့ ''
" ငါအဖျားမကူးတက်ဘူး ပြီးတော့ မဖျားတက်ဘူး အပိုတွေ လုပ်မနေနဲ့ ''
ဗညားကျော်တစ်ယောက် ခွန်းစစ်လင်းကိုကြည့်ပြီး အသာလေးပြုံးလိုက်မိလေတော့သည်။ ထို့နောက် ဆရာမကလည်း စာဆက်သင်သောကြောင့် အတန်းသို့စလေတော့သည်။ သို့သော် ခွန်းစစ်လင်းသည် စစ်အောင်ဦးအား မသိမသာ ခိုးခိုးကြည့်နေတာကို စစ်အောင်ဦးရော ဗညားကျော်ရော သတိထားမိလေသည်။ အဖျက မသက်သာဟန်ပေါ်လေတော့သည်။ ဖြူဖြူနုနုပါးပါးလေးမျက်နှာလေးဟာ ပိုပြီးတော့ ဖြူဖတ်ဖြူရော် နိုင်လာလေတော့သည်။

ESTÁS LEYENDO
''အချစ်ဆိုသည်မှာ " ( Completed )
Romanceဂိုဏ်းစတားဆန်ဆန် လူငယ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ ခွန်းစစ်လင်းဆိုသော အနေတည်သော၊ တည်တံ့ပြီး ကြည့်ကောင်းကောင်းသောကောင်လေးတစ်ယောက်နှင့် ထိုင်းမြန်မာကပြားကောင်လေးဖြစ်တဲ့ စစ်အောင်ဦးတို့ရဲ့ အဓိကဇာတ်အိမ်တည်ထားသော ဇာတ်လမ်းလေးပါ။ တစ်ယောက်ကိုတစ်ယောက် အနစ်နာခံခ...