" So in Love ''
အခန်း ( ၁၀ )
ဘာလိုလိုနဲ့ ဒုတိယလပတ်စာမေးပွဲကြီးလည်း ဖြေရလေတော့သည်။ ကျောင်းသားကျောင်းသူတိုင်း စာမေးပွဲခန်းကထွက်လာကြလေပြီး။
" ဖြေနိုင်လား စစ်အောင်ဦး ''
" အင်း ဖြေနိုင်တယ် မြတ်နိုးမေ ''
" ဗညားကျော်ရော ဖြေနိုင်လား '' စစ်အောင်ဦးကမေးလေတော့သည်။
" ဖြေနိုင်တယ် ''
"ခွန်းစစ်လင်း မင်းရော ''
" အင်း ဖြေနိုင်တယ် ''
" ဆရာမပြောထားတာ အဆင့်နှစ်ရမှာနော် မင်းအနားကို မင်းရဲ့ကပြားလေး လာပြန်ထိုင်ရမှာ '' ဗညားကျော်ကပြောလေတော့သည်။
" ငါသိပါတယ်ကွ ''
" ဟီး မေ့နေမှာစိုးလို့ပြောတာ ''
" ငါအကြံတစ်ခုရပြီး ဒီနေ့အားလုံးအားနေတာဆိုတော့ စာမေးပွဲလည်း အားလုံးဖြေနိုင်ကြတယ်ဆိုတော့လေ ''
" ဘာလဲ မြတ်နိုးမေ နင်ဘူးသီးကြော်ဆိုင် သတိရသွားပြန်ပြီးမဟုတ်လား '' ဗညားကျော်ကမေးလေတော့သည်။
" အေး နင်မသွားဘူးလား ''
" မသွားစရာလား ''
" ခွန်းစစ်လင်း နင်ရော ''
မြတ်နိုးမေ မေးတာကိုအရင်မဖြေဘဲ စစ်အောင်ဦးအား သူပြန်မေးနေတော့သည်။
" သွားမလား မင်းရော ''
" ဟဲ့ မေးနေတာငါပါ ငါ့ကိုအရင်အဖက်လုပ်ပါဦး ''
" သူသွားရင်သွားမယ်လေ ''
" ဟယ် ဗုဒ္ဓေါ ''
" ကဲ စစ်အောင်ဦး မင်းလိုက်မှာလား မင်းမလိုက်ရင် မင်းအကောင်ကြီးကလည်း မလိုက်ဖူးဆိုတော့ ဘယ်ပျော်စရာကောင်စမှာလဲကွ ''
" အေးလေနော် ''
" ဟုတ်တယ်လေ လိုက်ခဲ့ပါ အဲ့ဘူးသီးကြော်က နာမည်ကြီးနော် နင့်အိမ်နဲ့လည်း မဝေးဘူး ''
" အင်းပါ လိုက်ခဲ့ပါမယ် ''
" ကဲ ကျေးဇူးရှင် နင့်ကပြားလေးက လိုက်မယ်တဲ့ '' မြတ်နိုးမေက ပြောလေတော့သည်။
![](https://img.wattpad.com/cover/264181036-288-k98027.jpg)
YOU ARE READING
''အချစ်ဆိုသည်မှာ " ( Completed )
Romanceဂိုဏ်းစတားဆန်ဆန် လူငယ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ ခွန်းစစ်လင်းဆိုသော အနေတည်သော၊ တည်တံ့ပြီး ကြည့်ကောင်းကောင်းသောကောင်လေးတစ်ယောက်နှင့် ထိုင်းမြန်မာကပြားကောင်လေးဖြစ်တဲ့ စစ်အောင်ဦးတို့ရဲ့ အဓိကဇာတ်အိမ်တည်ထားသော ဇာတ်လမ်းလေးပါ။ တစ်ယောက်ကိုတစ်ယောက် အနစ်နာခံခ...