" အချစ်ဆိုသည်မှာ " အပိုင်း ( ၁၄ )

414 26 2
                                    

" So in Love ''

      အခန်း ( ၁၄ )

       ခွန်းစစ်လင်းတစ်ယောက် ကျောင်းပိတ်တာ သုံးရက်ရှိလေပြီးမို့ စိတ်ထဲကလည်း သတိရလာလို့ စစ်အောင်ဦးရဲ့ အိမ်လေးဆီသို့ ထွက်လာခဲ့လေတော့သည်။ သို့သော် ခွန်းစစ်လင်းတစ်ယောက် စစ်အောင်ဦးရဲ့အိမ်ကိုရောက်တော့ အိမ်တံခါးသော့ခတ်ထားတာဘဲ တွေ့ရလေတော့သည်။

" ဟင် အိမ်တံခါးလည်း သော့ခတ်ထားလို့ပါလား ဘယ်တွေရောက်သွားတာလဲ ''

       ခွန်းစစ်လင်း တစ်ယောက်ပြောနေမိလေတော့သည်။

" ဘယ်များသွားနေတာပါလိမ့် ''

      ဆက်သွယ်စရာဖုန်းကလည်း မရှိသောကြောင့် ဘယ်လိုလုပ်မှ သိရမှာလဲ သူတစ်ယောက်တည်းတွေးမိလေတော့သည်။
စစ်အောင်ဦးကိုမတွေ့ရလို သူအိမ်ကိုပြန်ခဲ့လေတော့သည်။ သို့သော် သူစိတ်တွေက ထိန်းမရ အရမ်းသိချင်နေမိလေတော့သည်။

" ဘယ်တွေသွားနေတာလဲကွာ ''

       ညနေဘက်ရောက်​တော့လည်း သူတစ်ခေါက်ထပ်လာသေးသည်။ အိမ်တံခါးပိတ်မြဲအတိုင်း ပိတ်ထားလေတော့သည်။ သူလာတာကို ဘေးအိမ်က သတိထားမိသည် ထင်ပါရဲ့ အပြင်ထွက်လာပြီး သူ့အား ပြောလေတော့သည်။

" ဟဲ့ကောင်လေး ဒီဘက်အိမ်ကို လာတာလား ''

" ဟုတ်အဒေါ် ကျွန်တော့်သူငယ်ချင်းပါ သူတို့ဘယ်သွားကြနေလဲ သိလားဗျ ''

" သြော် အေး ဒေါ်ဒေါ်ကြားတာတော့ မနေ့ကတည်းက မြဝတီပြန်သွားတယ်ဆိုလားဘဲ ထိုင်းကိုပြန်မယ်လို့ပြောတယ် ဘာဖြစ်လို့လဲတော့ မသိပါဘူးကွယ် ''

" ဟင် ထိုင်းပြန်မယ် ''

" အေးအဲ့လိုကြားတာဘဲ ''

" ဟုတ်ကဲ့ပါ ကျေးဇူးပါ ''

" အေးအေး ''

      ခွန်းစစ်လင်းတစ်ယောက် အတွေးတွေ ဂယောက်ချောက်ချား ဖြစ်ကုန်လေတော့သည်။

" ဘာဖြစ်တာလဲ ဘာဖြစ်လို့ ထိုင်းပြန်တာလဲ ''

" ဟာ သူ့ကိုငါနမ်းလိုက်လို့များလား ''

" အဲ့လောက်နဲ့မှ ဒီလောက်လုပ်စရာမလိုတာကို ''

      တစ်ယောက်တည်းပြောနေလေမိသည် သူ့စိတ်တွေထဲမှာလည်း ဘယ်လိုမှ မပျော်တော့ပေ။ စိတ်ညစ်ညစ်နဲ့ နှစ်ယောက်သား သွားခဲ့တဲ့ ကမ်းနားလမ်းလေးကို ပြန်ထွက်လာခဲ့မိလေတော့သည်။ လေပြည်လေးတွေ တိုက်ခတ်နေပေမဲ့ သူ့ရင်ထဲကို မတိုးပါပေ။ အတူရိုက်ထားသော ဓာတ်ပုံလေးကို ဖုန်းထဲကနေ ပြန်ထုတ်ကြည့်မိလေတော့သည်။

''အချစ်ဆိုသည်မှာ " ( Completed ) Dove le storie prendono vita. Scoprilo ora