" So in Love ''
အခန်း ( ၂၂ )
စစ်အောင်ဦးတစ်ယောက် ကော်ဖီဆိုင်လေးကထွက်လာတော့ မတော်တဆ လူတစ်ယောက်ကို တိုက်မိလေတော့သည်။
" ဟာ တောင်းပန်ပါတယ် အစ်ကို ''
" မင်း ဘာတွေတွေးနေလို့ လူတစ်ယောက်လုံးကို မမြင်တာလဲ ''
" တကယ်တောင်းပန်ပါတယ်ဗျ ''
" ထားလိုက်တော့ ''
" ကျွန်တော်ပြန်ပြီး အဆင်ပြေအောင်လုပ်ပေးပါ့မယ် ''
" မင်းက ဘယ်လိုလုပ်ပေးမှာလဲ ''
" အသစ်ပြန်ဝယ်ပေးရမလား ပြန်လျော်ဖွတ်ပေးရမလားဗျ ''
" ထားလိုက်ပါတော့ ''
" ဟုတ်ကဲ့ပါဗျ ကျွန်တော်အစ်ကိုသောက်မဲ့ ကော်ဖီဖိုးကို ရှင်းပေးပါရစေ ''" ရပါတယ် ''
" ဒါဆို ကျွန်တော်ဖုန်းနံပါတ် ယူထားပါ နောက်အရေးကြုံရင် ပြန်ကူညီပေးပါ့မယ် ''
စစ်အောင်ဦးတစ်ယောက် ပြောဆိုပြီး ဘောလ်ပင်လေးထုတ်ကာ ဖုန်းနံပါတ်ကို ရေးပေးလေတော့သည်။ ဘောလ်ပင်လေးကို ကြည့်ပြီး ထိုလူမှာ အံ့သြနေလေတော့သည်။
" ရော့ ကျွန်တော်ဖုန်းနံပါတ် ''
" မင်း.... မင်း.... ''
" ဘာလို့လဲ ''
" မင်း ဒီဘောလ်ပင်က ''
" ကျွန်တော်ငယ်ငယ်က သူငယ်ချင်း တစ်ယောက်ပေးထားတာ ''
" မင်း ဒါဆို မင်းက စစ်အောင်ဦး ဘဲပေါ့ ''
" ဟာ ဒါဆိုမင်းက တိုးတက်ထွန်းပေါ့ ''
" ဟုတ်တယ်လေကွာ ငါတိုးတက်ထွန်း ''
" ဟာ မထင်ထားဘူးကွာ ''
" အေး ငါရောလဲ တွေ့ရတာ ဝမ်းသာလိုက်တာကွာ လာထိုင်ဦး ဆိုင်မှာ စကားခဏပြောကြရတာပေါ့ ''
" အေး ''
နှစ်ယောက်သား ဝမ်းသာအားရနှင့် စကားလေးတွေပြန်ပြောကြလေတော့သည်။ စစ်အောင်ဦးလည်း ဘဝရဲ့ အချို့တစ်ဝက်ကို ပြောပြလေတော့သည်။
" မင်းငါနဲ့ စစတွေ့ချင်းမှာလဲ လိမေ္မာ်ရည်နှင့်တိုက်တယ် အခုပြန်တွေ့တော့လည်း ကော်ဖီနဲ့တိုက်တယ် ငါတို့ရဲ့ ကံကိုက ထူးတယ်ထင်တယ်နော် ''
ВЫ ЧИТАЕТЕ
''အချစ်ဆိုသည်မှာ " ( Completed )
Любовные романыဂိုဏ်းစတားဆန်ဆန် လူငယ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ ခွန်းစစ်လင်းဆိုသော အနေတည်သော၊ တည်တံ့ပြီး ကြည့်ကောင်းကောင်းသောကောင်လေးတစ်ယောက်နှင့် ထိုင်းမြန်မာကပြားကောင်လေးဖြစ်တဲ့ စစ်အောင်ဦးတို့ရဲ့ အဓိကဇာတ်အိမ်တည်ထားသော ဇာတ်လမ်းလေးပါ။ တစ်ယောက်ကိုတစ်ယောက် အနစ်နာခံခ...