" So in Love ''
အခန်း ( ၂၀ )
စစ်အောင်ဦးတစ်ယောက် ပန်းခြံထဲမှာ အေးအေးဆေးဆေး လာရောက်အနားယူလေတော့သည်။ ထိုအချိန်တွင် သူနှင့်အတူ လူရွယ်တစ်ယောက်သည် သူ့အနီးနားသို့ ယောင်တောင်တောင်နဲ့ ရောက်လာလေတော့သည်။ ဒါကို စစ်အောင်ဦးတစ်ယောက် ကောင်းကောင်းသိနေလေတော့သည်။ သို့သော် မသိချင်ယောင်ဆောင်ကာ ထိုသူဘာများလုပ်လေမလဲဟု စောင့်ကြည့်နေလေတော့သည်။ ထိုသူက စစ်အောင်ဦးနားသို့ မသိမသာလေး ကပ်ကာ သူလက်ထဲမှ အလွန်တရာ သေးငယ်သော အထုတ်လေးသေးသေးလေးကို မသိမသာ သူ့အနားချသွားလေတော့သည်။
စစ်အောင်ဦးလည်း ထူးဆန်းစွာနှင့် ထွက်သွားသော ထိုလူငယ်လေးကိုကြည့်ပြီး အထုတ်လေးသေးသေးလေးကို ခပ်မြန်မြန်ဖွင့်ကြည့်လေတော့သည်။ အထုတ်ထဲတွင် စိန်ပွင့်ငါးပွင့်ခန့်ရှိနေပြီး နတ်သမီးငါးဖော်ဆီသို့ ပို့ပေးပါ ဟုရေးထားလေတော့သည်။
" တောက် လာပြန်ပြီး ကိစ္စတွေ မပြီးနိုင်ဘူး နတ်သမီးငါးဖော်ကရော ဘယ်သူတွေလဲ ''
စစ်အောင်ဦးတစ်ယောက် တစ်ယောက်တည်း ပြောနေမိလေတော့သည်။ ထိုအချိန်တွင် သူရဲ့ဖုန်းလေးကလည်း ထမြည်လာလေတော့သည်။
" တီ....တီ....တီ.... ''
" ဟယ်လို ပြောပါ ''
" စစ်အောင်ဦး မင်းအဲ့နေရာကနေ အမြန်ထွက်သွားတော့ အခုအဲ့နေရာကို ရဲတွေလာပြီး ''
အမည်မသိ နံပါတ်မသိသော ဖုန်းပိုင်ရှင်တစ်ဦးက လှမ်းကာ သူ့ဖုန်းအားဆက်ပြီး အသိပေးလေတော့သည်။ သူ့ဖုန်းနံပါတ်ကို ရသူကား ဘယ်သူလဲ ဘာကြောင့် သူဖုန်းနံပါတ်နဲ့ သူ့နာမည်အရင်းကို သိနေတာလဲ ဒီလောကထဲမှာ ညီလင်းမာန်နဲ့ဘဲ သူရပ်တည်နေခဲ့တာလေ ဘယ်သူများလဲ သူ့အတွေးတွေ ရှုပ်ထွေးကုန်လေတော့သည်။ သို့ပေမဲ့ သူချက်ခြင်း ထိုနေရာမှ အမြန်ထွက်သွားခဲ့လေတော့သည်။ ခပ်ဝေးဝေးမှ သူလှမ်းကြည့်တော့ တကယ်ဘဲ ထိုနေရာလေးကို ရဲတွေရောက်လာကြလေတော့သည်။
ရဲတွေလည်း ဘေးပတ်ဝန်းကျင်ကို အကဲခတ်ရင်း သူတို့လိုချင်သော တရားခံသားကောင်ကို ရှာဖွေလေတော့သည်။ သိူ့သော်လည်း သားကောင်က လက်ဦးမှုရသွားသကဲ့သို့ သူလည်း ထိုနေရာမှ အမြန်ထွက်လာခဲ့လေတော့သည်။

STAI LEGGENDO
''အချစ်ဆိုသည်မှာ " ( Completed )
Storie d'amoreဂိုဏ်းစတားဆန်ဆန် လူငယ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ ခွန်းစစ်လင်းဆိုသော အနေတည်သော၊ တည်တံ့ပြီး ကြည့်ကောင်းကောင်းသောကောင်လေးတစ်ယောက်နှင့် ထိုင်းမြန်မာကပြားကောင်လေးဖြစ်တဲ့ စစ်အောင်ဦးတို့ရဲ့ အဓိကဇာတ်အိမ်တည်ထားသော ဇာတ်လမ်းလေးပါ။ တစ်ယောက်ကိုတစ်ယောက် အနစ်နာခံခ...