" အချစ်ဆိုသည်မှာ " အပိုင်း ( ၂၄ )

309 18 0
                                    


" So in Love ''

       အခန်း ( ၂၄ )

" ကဲ စစ်အောင်ဦး မင်းအိမ်ရှေ့အောက် ငါရောက်နေပြီး ဆင်းလာတော့ ''

       ဖုန်းထဲကနေ လှမ်းပြောသော တိုးတက်ထွန်းစကားကြောင့် စစ်အောင်ဦး အိမ်ထဲကနေ ထွက်ခဲ့လေတော့သည်။ ဟုတ်ပါသည် ဒီနေ့က တိုးတက်ထွန်းတို့ရဲ့ ခြံထဲကို အလည်သွားဖို့ ပြောထားတဲ့ နေ့လေးပါ။ ခြံထဲသွားမှာမို့ ပေါ့ပေါ့ပါးပါးဘဲ စစ်အောင်ဦး ဝတ်ထားလေတော့သည်။

       စစ်အောင်ဦး အိမ်ပေါ်ကဆင်းလာတာနီင့် တိုးတက်ထွန်းလည်း ကားပေါ်မှ ဆင်း၍ ကြိုဆိုလေတော့သည်။

" မင်းဟာ ငယ်ငယ်ကအတိုင်းဘဲ အမြဲတမ်း ပေါ့ပါးနေတာဘဲကွာ ''

" စိတ်ပျိုကိုယ်နုတဲ့ကွ အဲ့တော့ ပေါ့ပေါ့ပါးပါးလေးဘဲ နေရတယ်ကွ ''

" အေးပါကွာ မင်းကဘယ်အချိန်ကြည့်ကြည့် ချစ်ဖို့ကောင်းနေတာဘဲ ''

      ရုတ်တရက်ပြောလာသော စကားကြောင့် စစ်အောင်ဦး တိုးတက်ထွန်းကို ကြည့်လိုက်လေသည်။

" ငါကချောတယ်လေ ဟဲဟဲ အဲ့တော့ ချစ်ဖို့ကောင်းပါတယ် ''

     စနောက်သလိုနှင့် စစ်အောင်ဦး ပြန်လိုက်လေတော့သည်။

" ကဲပါ ခြံထဲရောက်ရင် ဟိုမှာအစ်မက မင်းအတွက် ဘာတွေအသင့်ပြင်ထားလဲ မင်းတွေ့ရမယ် ''

" ဟုတ်လား ပြောရင်းနဲ့တောင် ရင်တွေခုန်လာပြီး ''

" ကဲသွားကြရအောင် ''

     တိုးတက်ထွန်းလည်း ပြောဆိုပြီး စစ်အောင်ဦးလည်း ပုခုံးလေးကို အသားလေးကိုင်ပြီး ကားတံခါးဖွင့်ပေးလေတော့သည်။ ထို့နောက် သူလည်း ကားပေါ်သို့တက်ကာ မောင်းထွက်လာလေတော့သည်။ သို့သော် သူတို့နှစ်ယောက်ရဲ့ ကားပေါ်တက်သွားသော ပုံစံလေးကိ​ုာခပ်လှမ်းလှမ်းကနေ ခွန်းစစ်လင်းမြင်နေရသည်ကိုတော့ သူတို့နှစ်ယောက်မသိနိုင်ရှာပေ။

" တောက် အဲ့ကောင် ဘယ်ကလဲကွာ ငါ့ထဝမ်ကိုများ ပုခုံးကိုင်ခါးကိုင်နဲ့ အသားယူနေတာ ''

" မင်းကရော ဘာလဲ ဘာလို့ငြိမ်ခံနေရတာလဲ ထဝမ်ရာ ''

" တီ...တီ...တီ....''

''အချစ်ဆိုသည်မှာ " ( Completed ) Onde histórias criam vida. Descubra agora