" So In Love ''အခန်း ( ၂၇ )
ခွန်းစစ်လင်းနှင့် စစ်အောင်ဦးတို့ နှစ်ယောက်သား ကားလေးနှင့် မြဝတီလမ်းကြောမှနေ မော်လမြိုင်သို့ ပြန်ဆင်းလာလေတော့သည်။ မြဝတီမြို့ရဲ့ အထွက်လေးသည် အတော်ကို လှပပေသည်။ ရိုးသားသော ကရင်တိုင်းရင်းသားလေးများ၏ တစ်နေ့တာ အလုပ်လုပ်နေသော ပုံရိပ်တွေထဲကမှ နံနက်ခင်းလေးမှာ လုပ်ကိုင်နေကြသော ပုံရိပ်တွေက ပို၍များ လှပနေသယောင်။
" သူတို့ဘဝလေးက ပင်ပန်းနေတယ် ထင်ရပေမဲ့ အေးချမ်းတယ်နော် ''
" ဟုတ်တာပေါ့ ထဝမ်ရာ ''
" ငါတို့ဘဝတွေက သူတို့ထက် အဆင်ပြေနေပေမယ့် မအေးချမ်းနိုင်ရှာဘူး အမြဲတမ်းလို စိုးရိမ်စိတ် တထိတ်ထိတ်နဲ့ နေနေရတာ ''
" တစ်နေ့တော့ ကိုယ်တို့နှစ်ယောင်ရဲ့ အေးချမ်းတဲ့ ရက်ကလေး ရောက်လာမှာပါ ထဝမ်ရာ ''
" ငယ်ငယ်လေးကတည်းက မြဝတီမှာ နေခဲ့လို့လားတော့ မသိဘူး မြဝတီမြို့လေးက ပြန်ထွက်ခွာတော့ တစ်ချိန်က ငယ်ဘဝလေးကို သတိရတယ် မေမေနဲ့ ကွဲလာခဲ့ကြပြီး မော်လမြိုင်ကို ရောက်ခဲ့တဲ့နေ့လေးပေါ့ ''
" ထဝမ်လေးရာ စိတ်မကောင်းစရာတွေ မတွေးနဲ့တော့နော် ''
" အင်းပါ ပြောသာပြောရတာ ဘယ်လိုဘဲ ဖြစ်ဖြစ် ဖေဖေ့က ငါ့အနားရှိနေသေးတယ် မင်းကတော့ တစ်ယောက်မှ အနားမှာ မရှိပေးကြတော့ဘူး ''
" ဘာမှမဖြစ်ပါဘူးကွာ ကိုယ်တို့ ပျော်ပျော်ရွှငရွှင်ဘဲ နေကြမယ်ကွာ ''
" အင်းပါ ''
စကားလေးပြောရင်းနဲ့ ကားလေးမောင်းလာရင်းနဲ့ တောင်ပေါ်လမ်းလေးတောင် ကျော်သွားနေပြီး။
" တီ....တီ...တီ ''
" ဟင် အဖေ့ဖုန်းဘဲ ''
" ကိုင်လေလေ ''
" ဟယ်လို ဖေဖေ ''
" သား လမ်းကြောပြောင်း သွားတော့ အဆင်ပြေမဲ့ တစ်နေရာကို ရွှေ့တော့ သူတို့တွေ မင်းတို့နောက်လိုက်နေတယ် မော်လမြိုင်လမ်းကြောက အဆင်မပြေတော့ဘူး ''
YOU ARE READING
''အချစ်ဆိုသည်မှာ " ( Completed )
Romanceဂိုဏ်းစတားဆန်ဆန် လူငယ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ ခွန်းစစ်လင်းဆိုသော အနေတည်သော၊ တည်တံ့ပြီး ကြည့်ကောင်းကောင်းသောကောင်လေးတစ်ယောက်နှင့် ထိုင်းမြန်မာကပြားကောင်လေးဖြစ်တဲ့ စစ်အောင်ဦးတို့ရဲ့ အဓိကဇာတ်အိမ်တည်ထားသော ဇာတ်လမ်းလေးပါ။ တစ်ယောက်ကိုတစ်ယောက် အနစ်နာခံခ...