" အချစ်ဆိုသည်မှာ " အပိုင်း ( ၃ )

626 41 0
                                    

" So in Love ''

          အခန်း ( ၃ )

       စစ်အောင်ဦးတစ်ယောက်တည်း အတန်းနားချိန်လေးမှာ အတန်းထဲ၌လည်း မနေချင်လို့ ကုက္ကိုလ်ပင်အောက်လေးမှာ လာထိုင်နေလေတော့သည်။ မြဝတီက အိမ်ကလေးနဲ့ မိခင်ကိုလည်း သတိရနေလေတော့သည်။ ထိုအချိန်တွင် မြတ်နိုးမေတစ်ယောက် စစ်အောင်ဦးနားရောက်လာလေတော့သည်။

" ဟိတ်... ဟိတ် ''

      စစ်အောင်ဦးတစ်ယောက် ခေါ်သံကြောင့် လှည့်ကြည့်လေတော့သည်။

" ငါ့ကိုခေါ်နေတာလား ''

" အေးလေ ဒီမှာနင်ဘဲရှိတာ နင့်မခေါ်ရင် ဘယ်သူခေါ်ရမှာတုန်း ''

" ငါ့နာမည်က ဟိတ် မဟုတ်ဘူး စစ်အောင်ဦး ''

" အေးပါ ရုတ်တရက် ငါနာမည်မေ့နေလို့ ''

" ထားပါတော့ ဘာကိစ္စရှိလို့လဲ မြတ်နိုးမေ''

" ငါ့နာမည်သိနေတယ် ''

" အေးလေ တစ်နေ့ကဆရာမခေါ်တာဘဲလေ ''

" အင်း​ပါ ''

" နင့်မှာ သူငယ်ချင်းမရှိသေးဘူး မဟုတ်လား ငါနဲ့သူငယ်ချင်းလုပ်မယ်လေ စာလည်းအတူတူကျက်လို့ရတာပေါ့ နင်ပုံကြည့်ရတာလည်း စာတော်မဲ့ပုံပါ ''

" နင်ကငါနဲ့သူငယ်ချင်း ဖြစ်ချင်လို့လား ''

" အင်းလေ ဘာလဲ နင်ကမဖြစ်ချင်လို့လား''

" မဟုတ်ပါဘူး ''

" အေးလေ အဲ့တာဆိုလည်း သူငယ်ချင်း ဖြစ်ကြတာပေါ့ ''

" အင်း ''

" လာမုန့်စားတန်းသွားမယ် ငါတို့သူငယ်ချင်းဖြစ်တဲ့အနေနဲ့ မုန့်အတူတူစားကြတာပေါ့ ''

" အင်းမဆိုးဘူး ကောင်းသားဘဲ ''

         ထို့နောက် နှစ်ယောက်သား မုန့်စားတန်းဘက်သို့ သွားကြလေတော့သည်။ မုန့်စားတန်းလေးက ကျောင်းဆင်းချိန်ဆိုတော့ စည်းကားလေနေတော့သည်။

" ငါကြာဇံဟင်းခါး စားချင်တယ် စစ်အောင်ဦး ''

" စားလေ ''

" နင်ရော မစားဘူးလား ''

" နင်စားမယ်ဆို စားပေးမယ်လေ ''

''အချစ်ဆိုသည်မှာ " ( Completed ) Where stories live. Discover now