" So in Love ''အခန်း ( ၂ )
ညနေကျောင်းဆင်းချိန်ရောက်လာလေပြီး အတန်းထဲမှ ကျောင်းသားကျောင်းသူတွေအသီးသီး ထွက်လာခဲ့ကြလေတော့သည်။ စစ်အောင်ဦးလည်း အတန်းထဲမှ ထွက်လာပြီး အဆောင်ရဲ့အရှေ့မှာ မပြန်သေးဘဲ ခေတ္တရပ်စောင့်နေလေတော့သည်။
" မပြန်သေးဘူးလား စစ်အောင်ဦး '' ဗညားကျော်က မေးလေတော့သည်။
" သူငယ်ချင်းတစ်ယောက်ကို စောင့်နေတာ သူမလာသေးလို့ ''
" ဟင် မင်းကဒီနေ့ဘဲ ကျောင်းရောက်တာ ကျောင်းသားသစ်လေးက သူငယ်ချင်းရသွားပြီး မဆိုးပါဘူးဘဲ မင်းက ''
" ဒီနေ့ဘဲ သိတာ သူနဲ့ ''
" အေးပါ ဘာဘဲဖြစ်ဖြစ် သူငယ်ချင်းရှိတာတော့ ကောင်းပါတယ် ''
" အင်း ''
" ဒါဆိုငါပြန်တော့မယ် မနက်ဖြန်မှ တွေ့ကြတာပေါ့ ''
" အိုကေ ဘိုင်ဘိုင့် ''
ဗညားကျော်တစ်ယောက် ထွက်သွားပြီးတော့ တိုးတက်ထွန်း ရောက်လာလေတော့သည်။
" ကြာလိုက်တာ ဘာတွေလုပ်နေတာလဲ ''
" ရောက်နေတာကြာပြီး မင်းအခြားကောင်တွေနဲ့ စကားပြောနေလို့ ငါစောင့်နေတာ ''
" မင်းကလည်း ရောက်လာရင် လာခဲ့ပေါ့ သူငယ်ချင်းတွေဘဲကို ''
" အဲ့လိုကောင်တွေနဲ့ ငါအပေါင်းအသင်း မလုပ်တက်ဘူး ''
" ဟာ မင်းကလည်း သူကငါနဲ့ တစ်တန်းတည်း ထိုင်တဲ့သူပါကွာ ''
" ဘာဘဲဖြစ်ဖြစ် ငါမပေါင်းချင်ဘူး သိလည်းမသိချင်ဘူး ''
" အေးပါကွာ ဒါနဲ့မင်းက ဘယ်လမ်းမှာနေတာလဲ ''
" ဝတ်သစ်ရပ် ဝတ်ကြီးလမ်း မင်းကရော ''
" ငါက မြန်မာလမ်း ''
" နီးသားဘဲ မင်းနဲ့ တစ်လမ်းဘဲ ကွာတာ''
" ဟုတ်လား ''
" အေးလေကွာ ''
" ငါက ဘယ်မှမရောက်သေးတော့ မသိသေးဘူးကွ ''
" နောက်တော့ သိလာမှာပေါ့ လာပြန်မယ် နောက်ကျနေပြီး ''
ထို့နောက် စစ်အောင်ဦးနှင့် တိုးတက်ထွန်းတို့နှစ်ယောက်သား စကားလေးပြောပြီး ပြန်ခဲ့ကြလေတော့သည်။
VOCÊ ESTÁ LENDO
''အချစ်ဆိုသည်မှာ " ( Completed )
Romanceဂိုဏ်းစတားဆန်ဆန် လူငယ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ ခွန်းစစ်လင်းဆိုသော အနေတည်သော၊ တည်တံ့ပြီး ကြည့်ကောင်းကောင်းသောကောင်လေးတစ်ယောက်နှင့် ထိုင်းမြန်မာကပြားကောင်လေးဖြစ်တဲ့ စစ်အောင်ဦးတို့ရဲ့ အဓိကဇာတ်အိမ်တည်ထားသော ဇာတ်လမ်းလေးပါ။ တစ်ယောက်ကိုတစ်ယောက် အနစ်နာခံခ...