" So in Love ''
အခန်း ( ၂၆ )
" ဦးလေးတို့ မင်းဆီကို ဘယ်လိုရောက်လာတာလဲ ''
" မေ့နေတာလား မြဝတီဆိုတာ ငါ့နေခဲ့တဲ့မြို့ ငါဇာတိလေးလေ ''
" အေး ဟုတ်သားဘဲ ငါမေ့နေတာ ''
" အင်း မင်းကားမောင်းနေကတည်းက အဖေတို့ဆီကို ငါ့စာပို့ပြီးသားကွ ''
" မင်းအဖေက မြဝတီမှာ အချေချနေတာလား ''
" လောလောဆယ်တော့ သူ့နေရာက မြဝတီပေါ့ ''
" အေးပေါ့လေ ''
" သူတို့ဘက်က လူစုထွက်လာတော့ ငါလန့်သွားတာအမှန်ဘဲ ''
" မင်းက ကြောက်တက်လို့လား ''" ကိုယ့်အတွက်ကြောက်တာမဟုတ်ဘူး မင်းကိုစိုးရိမ်သွားတာ ကိုယ်တစ်ယောက်တည်းဆို သေသေရှင်ရှင် ကိုယ်အရေးမစိုက်ဘူး သိလား မင်းရှိနေတော့ ကိုယ်အရမ်းစိုးရိမ်သွားတာ ''
" သိပါတယ် မင်းငါ့အတွက်စိုးရိမ်နေတာ ''
" မင်းကတော့ ဘယ်ကြောက်မှာလဲ အဖေလာမှာသိနေတော့ ''
" ဒါပေါ့ ''
" မင်းကွာ ကိုယ့်ကိုကြိုမပြောဘူး ကိုယ်ဘယ်လောက် စိုးရိမ်နေရလဲ မင်းသိလား ''
" သိချင်လို့ ငါမင်းကိုမပြောဘဲ စမ်းကြည့်တာ ''
" အခုတော့ရော ''
" ယုံပြီးလေကွာ ''
" ဒါဆို မင်းကိုယ့်ကိုချစ်တယ်ပေါ့ ''
" ဟင် ဘာမှလည်း မဆိုင်ဘူး ပြောလည်း မပြောမိပါဘူးကွာ ''
"လုပ်ပါကွာ ကိုယ့်ကို မညင်းထားပါနဲ့တော့ ကိုယ့်ကိုချစ်တယ်မဟုတ်လား ''
" ဖြေပေးရမှာလား ''
" အင်းပေါ့ ''
" တစ်ခုတော့ စိုးရိမ်နေတာ ''
" ဘာကိုလဲ ''
" တစ်နေ့မင်း မိန်းမယူသွားမှာကိုပေါ့ ငါ့ကိုပစ်ထားပြီးတော့ ''
" ဟာ မဖြစ်နိုင်တာ ထဝမ်ရာ ငါငယ်ငယ်လေးကတည်းက မင်းကိုအရမ်းချစ်ခဲ့တာလေကွာ မိန်းမယူချင်မှာတော့ ယူတာကြာပြီးပေါ့ ဘယ်မိန်းမမှလည်း စိတ်မဝင်စားစလို အခြား ဘယ်သူမှလဲ စိတ်မဝင်စားဘူး မင်းကိုဘဲ မင်းတစ်ယောက်တည်း ''
YOU ARE READING
''အချစ်ဆိုသည်မှာ " ( Completed )
Romanceဂိုဏ်းစတားဆန်ဆန် လူငယ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ ခွန်းစစ်လင်းဆိုသော အနေတည်သော၊ တည်တံ့ပြီး ကြည့်ကောင်းကောင်းသောကောင်လေးတစ်ယောက်နှင့် ထိုင်းမြန်မာကပြားကောင်လေးဖြစ်တဲ့ စစ်အောင်ဦးတို့ရဲ့ အဓိကဇာတ်အိမ်တည်ထားသော ဇာတ်လမ်းလေးပါ။ တစ်ယောက်ကိုတစ်ယောက် အနစ်နာခံခ...