" So in Love ''
အခန်း ( ၁၇ )
ညီလင်းမာန်တစ်ယောက် ဆိုင်ကယ်လေးတစ်စီးနှင့် ကမ်းနားလမ်းဘက်သို့ ထွက်လာခဲ့လေတော့သည်။ ညဘက်မို့ လမ်းကတော်တော်လေးတော့ရှင်းနေပါသည် သူလည်းဆိုင်ကယ်လေးကို စီးချင်စိတ်ရှိသည်မို့ ကမ်းနားလမ်းကနေအဆုံးထိ သွားပြီး စျေးကြီးတန်းဘက်တွေကိုကျော်လို့ ကျိုက်သလံစေတီတော်ဘက်ကို ပြန်လာခဲ့လေတော့သည်။ မြို့ဘက်နေသည်ဟု ပြောလျှင်လည်း ရပေသည် ညလေညင်းလေးတွေကို သူအရမ်းသဘောကျပါသည်။ စေတီတော်ဘက်သို့ ရောက်ခဲ့ပြီး ဘုရားတက်ဖူးကာ ငယ်ငယ်တုန်းက အကြောင်းရာလေးကို သတိရသွားပြီး စေတီရင်ပြင်တော်မှနေ အဝေးတစ်နေရာကို ငေးမောကြည့်နေလေတော့သည်။
" ညီလင်းမာန်..... ''
" ဟင်မင်း... ဘယ်လိုရောက်နေတာလဲ ခွန်းစစ်လင်း ''
" ငါလည်း ဘုရားကိုလာချင်စိတ်ဖြစ်နေလို့ ''
" သြော် ဘုရားက အေးချမ်းပါတယ် ''
" ငါကိုးတန်းကျောင်းသားဘဝတုန်းကတော့ ငါအရမ်းချစ်ရတဲ့ လူတစ်ယောက်နဲ့ လာပြီး ဘုရားဖူးခဲ့ဖူးတယ် ''
" ဟုတ်လား ခွန်းစစ်လင်း ''
" အင်း ဟုတ်တယ် ''
" အခုရော မင်းချစ်ရတဲ့သူက ''
" ငါသူ့ကိုရှာနေတုန်းဘဲ မတွေ့သေးဘူး ''
" ဟုတ်လား စိတ်မကောင်းပါဘူး ''
" အဲ့တာကြောင့် ဘုရားမှာ လာဆုတောင်းနေတာ ''
" ဆုတောင်းတာက ပြည့်မှာလား ''
" သူကတော့ ပြောခဲ့ဖူးတယ် ပြည့်မယ်တဲ့ ''
" သြော် ဟုတ်လား ''
" အင်း ဒါနဲ့ မင်းရော ဘုရားမှာ ဘာတွေဆုတောင်းနေလဲ ''
" အေးအေးချမ်းချမ်း ဘဝလေးကို ပိုင်ဆိုင်ပါရစေပေါ့ ''
" ဟင် '' ခွန်းစစ်လင်းတစ်ယောက် အံ့အားသင့်ရပြန်လေတော့သည်။
" ဘာဖြစ်တာလဲ ''
" ငါလူတစ်ယောက်ကို သတိရသွားလို့ ''
YOU ARE READING
''အချစ်ဆိုသည်မှာ " ( Completed )
Romanceဂိုဏ်းစတားဆန်ဆန် လူငယ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ ခွန်းစစ်လင်းဆိုသော အနေတည်သော၊ တည်တံ့ပြီး ကြည့်ကောင်းကောင်းသောကောင်လေးတစ်ယောက်နှင့် ထိုင်းမြန်မာကပြားကောင်လေးဖြစ်တဲ့ စစ်အောင်ဦးတို့ရဲ့ အဓိကဇာတ်အိမ်တည်ထားသော ဇာတ်လမ်းလေးပါ။ တစ်ယောက်ကိုတစ်ယောက် အနစ်နာခံခ...