" So in Love ''
အခန်း ( ၃၂ )
ဇာတ်သိမ်းပိုင်း( ၅ ) နှစ်ခန့်ကြာသော်အခါ
ကန်သာယာရွာလေးသည် အတော်ကိုအေးချမ်းတဲ့ရွာလေးပါ ရွာသူရွာသားများကလည်း သဘောထားရိုးသားဖြူစင်ကြသူများ ဖြစ်ကြလေသည်။ လယ်ယာနဲ့ စိုက်ပျိုးရေး၊ ခြံထွက်သီးနှံလေးတွေကို ဦးစားပေးလုပ်ကိုင်ပြီး ရသမျှနဲ့ ရောင့်ရဲတင်းတိမ်နိုင်ကြသော တစ်ဦးကိုတစ်ဦး တစ်အိမ်နဲ့ တစ်အိမ်အလွန်အမင်း ချစ်ခင်ရင်းနှီးကြပြီး ရိုင်းပင်းကူညီတက်ကြလေသည်။
ရွာအဝင်မှာတော့ ရွာဦးစေတီတော်နှင့် ရွာသူရွာသားများက ကြိုးစားတည်ဆောက်ထားသော ဧည့်သည်များနားနေဖို့နှင့် ရွာသားများ အပန်းဖြေဖို့ ဇရပ်ကြီးတစ်ဆောင်နှင့် ရေချိုးကန်လေးများ၊ သောက်ရေစက်များ ထားရှိထားပေသည်။ ရွာသားတွေရဲ့ စည်းလုံးခြင်း၊ သဘောထားဖြူစင်ခြင်းတွေကြောင့် ရောက်ရှိလာကြသော ဧည့်သည်များသည်လည်း ကန်သာယာရွာလေးကို အရမ်းသဘောကျလေတော့သည်။ ရွာလေးကလည်း လှပသလို စည်းကမ်းလည်း ရှိသောကြောင့် ရောက်လာသူများ မပြန်ချင်နိုင်အောင် ဖြစ်ရပေသည်။
အမြဲတမ်းလိုလို အလှူပွဲတွေနဲ့ စည်းကားတက်သလို ဘာသာရေးလည်း အလွန်ပင်ကိုင်းရှိူင်းကြသည်။ လူငယ်တွေကလည်း တော်ကြသလို အမြဲတမ်းလိုလို ရပ်ရွာအတွက် ကြိုးပမ်းကြလေသည်။ အခုလည်း ထိုရွာလေးတွင် ရွာခံမဟုတ်ပေမဲ့ လွန်ခဲ့သော ငါးနှစ်ခန့်က ကားမတော်တဆဖြစ်ပြီး ရောက်လာခဲ့သော လူနှစ်ဦးသည် ရွာသားတစ်ပိုင်းဖြစ်နေပေသည်။ တစ်ယောက်က ခြေထောက်လေးမသန်တော့ပေမဲ့ ရပ်ထဲရွာထဲမှာ အရမ်းအားကိုးရပြီး သဘောထားအလွန်ကောင်းတဲ့သူလေးပါ။
နောက်တစ်ယောက်ကတော့ မျက်နှာမှာ ဒဏ်ရာလေးအချို့ရှိပေမဲ့ သူလည်း အရမ်းသဘောကောင်းပြီး ရပ်ထဲရွာထဲမှာ ခြံထွက်သီးနှံလေးတွေကို အမြဲလိုလို ပေးကမ်းတက်တဲ့လူလေးပါ။ နှစ်ယောက်လုံးက အတူတူနေနေကြပြီး တစ်ရွာလုံးကလည်း ချစ်ခင်ကြတဲ့ ထိုရွာမှာ အထူးဆန်းဆုံးဖြစ်တဲ့ လိင်တူချစ်သူလေးတွေပေါ့။ ထိုရွာသားများကလည်း သူတို့အတွက် အနည်းငယ်ထူးဆန်းနေပေမဲ့ ဒုက္ခရောက်ပြီး ရောက်လာကတည်းက ကယ်တင်ပေးခဲ့ပြီး လူသားအချင်းချင်းစာနာမှုတွေနဲ့ ဖေးမကူညီခဲ့ကြတဲ့ ရွာသားတွေပါ ကျန်းမာရေးကောင်းမွန်လာတော့လည်း နေရပ်မပြန်တော့ဘဲ ရွာထဲကနေရာလေးတစ်ခုမှ ကျေးရွာလူကြီးရဲ့ အကူအညီဖြစ် နေထိုင်ပြီး အေးချမ်းစွာ လုပ်ကိုင်စားသောက်နေကြလေတော့သည်။
ESTÁS LEYENDO
''အချစ်ဆိုသည်မှာ " ( Completed )
Romanceဂိုဏ်းစတားဆန်ဆန် လူငယ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ ခွန်းစစ်လင်းဆိုသော အနေတည်သော၊ တည်တံ့ပြီး ကြည့်ကောင်းကောင်းသောကောင်လေးတစ်ယောက်နှင့် ထိုင်းမြန်မာကပြားကောင်လေးဖြစ်တဲ့ စစ်အောင်ဦးတို့ရဲ့ အဓိကဇာတ်အိမ်တည်ထားသော ဇာတ်လမ်းလေးပါ။ တစ်ယောက်ကိုတစ်ယောက် အနစ်နာခံခ...