" So in Love ''
အခန်း ( ၆ )
စစ်အောင်ဦးတစ်ယောက် အတန်းကျောင်းဆင်းချိန်သို့ရောက်လေတော့ ထွက်လာခဲ့လေတော့သည်။ဗညားကျော်လည်း သူ့ကိုနှုတ်ဆက်ရင်း ထွက်သွားလေတော့သည်။ မြတ်နိုးကလည်း အိမ်ကလာကြိုလို့ လိုက်ပါသွားလေတော့သည်။ ထိုအချိန်တွင် တိုးတက်ထွန်းကရောက်လာလေတော့သည်။
" စစ်အောင်ဦး ''
" ဟင် တိုးတက်ထွန်း ''
" အေး သက်သာပြီးလား ''
" အေးသက်သာနေပါပြီး မနေ့ကတော့ ဆေးခန်းသွားခဲ့ရတာ ''
" ဟုတ်လား ''
" အင်း အခုတော့ သက်သာနေပါပြီး ''
" အေးငါကတော့ မအားလို့ မြတ်နိုးနဲ့ဘဲ သတင်းမေးခိုင်းလိုက်တာ ''
" ရပါတယ်ဟာ ''
" ကဲ လာ ဆိုင်ကယ်ပေါ်တက် ငါလိုက်ပို့မယ် ''
" ဟာနေပါစေ ငါ့ဘာသာငါ ပြန်ပါ့မယ် ''
" လာစမ်းပါကွာ မင်းကအခုမှ အဖျားသက်သာတာ ပင်ပန်းပြီး ပြန်ဖျားနေပါ့မယ် ငါလိုက်ပို့ပေးမယ် ''
" နေပါစေ ငါအားနာလို့ပါ ''
" မင်းကလည်း အားမနေနဲ့ ငါကခေါ်တာ ဟုတ်ပြီးလား ''
" အေးပါ ''
" အဲ့တာဆိုရင်လည်း တက်တော့ ''
ထို့နောက်နှစ်ယောက်သား ဆိုင်ကယ်လေးနဲ့ ထွက်လာခဲ့လေကြလေတော့သည်။ သူတို့နှစ်ယောက်သား ဆိုင်ကယ်နဲ့ မောင်းလာစဥ် ဘေးကနေ ဆိုင်ကယ်တစ်စီး မောင်းလာပြီး သူတို့အနားရောက်မှ ခပ်ကြမ်းကြမ်းမောင်းထွက်သွားလေတော့သည်။ တိုးတက်ထွန်းကလဲ ဘာလဲဟ ဆိုကာ ထိုဆိုင်ကယ်အနားသို့ မောင်းလေတော့ အနားရောက်ကြည့်မိတော့မှာ ခွန်းစစ်လင်းဖြစ်နေသည်။ မျက်နှာကြောလည်း တင်းမာနေကာ စစ်အောင်ဦးအား စိုက်ကြည့်ပြီး မောင်းထွက်သွားလေတော့သည်။
" ဟင် စစ်အောင်ဦး ''
" အေးလေ သူကဘာဖြစ်တာလဲ ရုပ်က ''
" မသိဘူးလေဟာ ''
" သူ့အိမ်လမ်းက ဒီဘက်လည်း မဟုတ်ဘူးလေ ''
YOU ARE READING
''အချစ်ဆိုသည်မှာ " ( Completed )
Romanceဂိုဏ်းစတားဆန်ဆန် လူငယ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ ခွန်းစစ်လင်းဆိုသော အနေတည်သော၊ တည်တံ့ပြီး ကြည့်ကောင်းကောင်းသောကောင်လေးတစ်ယောက်နှင့် ထိုင်းမြန်မာကပြားကောင်လေးဖြစ်တဲ့ စစ်အောင်ဦးတို့ရဲ့ အဓိကဇာတ်အိမ်တည်ထားသော ဇာတ်လမ်းလေးပါ။ တစ်ယောက်ကိုတစ်ယောက် အနစ်နာခံခ...