" အချစ်ဆိုသည်မှာ " အပိုင်း ( ၂၃ )

313 17 0
                                    

" So in Love ''

         အခန်း ( ၂၃ )

      ညစာလေးအတွက် ခွန်းစစ်လင်း ကြိုက်တက်မယ်ထင်သော မုန့်လေးတွေနှင့် အချိုရည်လေးတွေကို သူဝယ်လာခဲ့လေသည်။ အားလူးကြော်၊ ဝေဖာမှုန့်အချို၊ ယိုးဒယားရေညှိအစပ်မှုန့်လေးနှင့် green tea ကို lemonအရသာဘူးလေးနှင့် သူယူလာခဲ့လေသည်။ ဒါတွေဟာ စစ်အောင်ဦးအရမ်းကြိုက်သော မုန့်လေးတွေပါ။ သူလည်းအခန်းထဲသို့ပြန်ရောက်တော့ စစ်အောင်ဦး ကနိုးစပြုလေနေပြီး။

" နိုးပြီးလား ချစ် ''

" အင်း ''

" ရေသွားချိုးလိုက်ပါလား လန်းသွားအောင် ''

" အင်း ''

" ဒီမှာ ကိုယ်လေ ချစ်အတွက်မုန့်လေးတွေဝယ်ထားတယ် ''

" နေပါဦး မင်းဘယ်လိုခေါ်နေတာလဲ ငါ့ကို ''

" ချစ်လို့ခေါ်တာလေကွာ ''

" ဘာချစ်လဲ ငါ့မင်းချစ်မှမဟုတ်တာ ပုံမှန်ဘဲခေါ်ပါ ''

" အင်းပါ ရေသွားချိုးလိုက်ဦး ပြီးရင်မုန့်စားလို့ရပြီး ''

" ဘာမုန့်တွေလဲ ''

" မင်းအကြိုက်တွေဘဲ သိလား ''

" အားလူးကြော်လား ''

" ဝေဖာနှင့် ရေညှိ့တောင်ပါတယ် ''

" တကယ်လား ''

" အင်း ''

" အခုနည်းနည်းအရင်စားမလို့ မရဘူးလား ''

" မရပါဘူး ရေအရင်သွားချိုးလေကွာ ''

" မင်းကလည်း ပြီးရင်ချိုးမှာဘဲကို ''

" မရဘူး သွားချိုး ''

" ပြောတော့လဲ...... ဒါလေးတောင် အလိုမလိုက်ဘူး ''

" ဘာပြောတာလဲ ပွစိပွစိနဲ့ ''

" ဘာမှမဟုတ်ဘူး ''

" ရေအရင်ချိုးလိုက်နော် လိမ္မာတယ် ''

" မလိမ္မာလည်း ချိုးရမှာဘဲကို ''

      စစ်အောင်ဦး ပြောဆိုပြီး ရေချိုခန်းဝင်သွားလေတော့သည်။ ရေချိုးတာ ဆယ့်ငါးမိနစ်ခန့်ကြာတော့ ပြန်ထွက်လာလေတော့သည်။ ညဝတ်အိပ်အင်္ကျီအဖြူလေးနှင့် ဘောင်းရှည်အဖြူလေးကို ဝတ်ထားပုံက တစ်ကယ့်ကို ကလေးတစ်ယောက်နှယ်ပါ။ ခွန်းစစ်လင်းအဖို့ စစ်အောင်ဦးက မြင်နေရလို့သာ ဂိုဏ်းစတားဖြစ်နေတာ မဟုတ်ရင် တကယ့်ကို ချစ်ဖို့ကောင်းသော ကောင်းလေးသာသာပါ။

''အချစ်ဆိုသည်မှာ " ( Completed ) Место, где живут истории. Откройте их для себя