" So in Love ''
အခန်း ( ၇ )
" စစ်အောင်ဦး '' တိုးတက်ထွန်းက လှမ်းခေါ်လေတော့သည်။
" အင်း ပြောလေ ''
" မနက်ဖြန် ငါ့အိမ်လာလည်ပါလား အိမ်မှာ မုန့်ဟင်းခါး ချက်စားကြတယ် ''
" အားနာစရာကြီးကွာ ''
" ဟ ဘာအားနာစရာရှိလဲ သူငယ်ချင်းတွေဘဲကို နောက်နေ့မနက်ငါလာခေါ်မယ် ''
" အေးပါ ငါ့အဖေကိုငါပြောထားလိုက်မယ်လေ ''
" အေး ''
" အဲ့တာဆို ငါအတန်းဝင်တော့မယ် ''
" အိုကေ ''
စစ်အောင်ဦးတစ်ယောက် တိုးတက်ထွန်းနှင့် စကားပြောဆိုပြီးတော့ စာသင်ခန်းထဲသို့ ဝင်လာခဲ့လေတော့သည်။
" ဟဲ့ တိုးတက်ထွန်းက ဘာတွေပြောနေတာလဲ နင့်ကို ''
" သူ့အိမ်မှာ မုန့်ဟင်ခါးချက်တယ်တဲ့ မနက်ဖြန်လားစားဖို့နဲ့ သူ့အိမ်ကို အလည်လာဖို့ ခေါ်နေတာ မြတ်နိုး ''
" နင်ကရော သွားဖို့လား ''
" ဒီလောက်ခေါ်နေတာ မကောင်းဘူးလေ ငါသွားလိုက်မယ် ''
" အင်းပါ ''
မြတ်နိုးမေနဲ့ စကားပြောပြီးတော့ စစ်အောင်ဦးတစ်ယောက် သူ့နေရာသို့ သူရောက်လာလေတော့သည်။
" ရော့ မင်းအတွက် '' ဆိုပြီး ခွန်းစစ်လင်းအား မုန့်ထုပ်လေးနဲ့ ဆေးအားပေးလေတော့သည်။
" ဘာကြီးလဲ ''
" ဆေးလေ မုန့်ရောပါတယ်လေ မင်းနာနေသေးလား '' ဆိုပြီး နှုတ်ခမ်းလေးအား ခပ်ဖွဖွလေးသူကိုင်ပြီး မေးလေတော့သည်။ စစ်အောင်ဦးတစ်ယောက် လုပ်ပေးနေတဲ့ပုံတွေကြည့်ပြီး ဗညားကျော်တစ်ယောက် မသိမသာလေး ပြုံးလိုက်လေတော့သည်။
" မလိုပါဘူး ယောင်္ကျားလေးဘဲ ဒီလောက်က ဘာမှမဖြစ်ဘူး ''
" မဟုတ်တာ ထိုးခံထိတာဘဲ နာမှာပေါ့ ''
" နည်းနည်းပါ ''
" ဆေး မသောက်ထားဘူးမဟုတ်လား အိမ်ကရော ဆူသေးလား ''
YOU ARE READING
''အချစ်ဆိုသည်မှာ " ( Completed )
Romanceဂိုဏ်းစတားဆန်ဆန် လူငယ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ ခွန်းစစ်လင်းဆိုသော အနေတည်သော၊ တည်တံ့ပြီး ကြည့်ကောင်းကောင်းသောကောင်လေးတစ်ယောက်နှင့် ထိုင်းမြန်မာကပြားကောင်လေးဖြစ်တဲ့ စစ်အောင်ဦးတို့ရဲ့ အဓိကဇာတ်အိမ်တည်ထားသော ဇာတ်လမ်းလေးပါ။ တစ်ယောက်ကိုတစ်ယောက် အနစ်နာခံခ...