" So in Love ''
အပိုင်း ( ၈ )
ခွန်းစစ်လင်းတစ်ယောက် ဒေါသတွေထွက်ထွက်နဲ့ ညနေကျောင်းဆင်းချိန်သို့ ရောက်လာခဲ့လေတော့သည်။ ပို၍ဒေါသထွက်ရသည့်အကြောင်းကား ရှိသေးလေသည်။ ဟုတ်ပါသည် စစ်အောင်ဦးကြောင့်ပါ စစ်အောင်ဦးက အတန်းပြောင်းပြီးတော့ တစ်နေကုန် သူ့ဘက်ကို လုံးဝမလှည့်တော့ဘဲ အဲ့နေရာမှာတင် တစ်ကုပ်ကုပ်နဲ့ ဘာလုပ်နေမှန်းမသိတော့ပေ။ သေချာတာကတော့ ကျေနပ်နေလေသည် ထင်ပါရဲ့ သူ့စိတ်ထဲမှာ ချက်ချင်းကြီး ထပြောင်းသွားသော ကံကြမ္မာကိုလည်း မကျေနပ်သလို စစ်အောင်ဦးအားလည်း မကျေနပ်ပေ။ သူအတွေးလေးပေါင်းများစွာနှင့် အိမ်သို့ပြန်ရောက်ခဲ့လေတော့သည်။
ဘာလိုလိုနဲ့ စစ်အောင်ဦးတစ်ယောက် ကျောင်းပြောင်းလာ တစ်လပင်ပြည့်လို့ ပထမလပတ်ကို ဖြေဆိုရလေပြီး။ အားလုံးပင်ကြိုးစားဖြေဆိုသောကြောင့် ရမှတ်ကောင်းတွေနဲ့ အမှတ်စာရင်းရရှိလေတော့သည်။
" စစ်အောင်ဦး နင်အဆင့် ဘယ်လောက်ရလဲ '' မြတ်နိုးမေက ပြောလေတော့သည်။
" ငါလား အဆင့် နှစ်လေ ''
" နင်ရော မြတ်နိုးမေ ''
" ဟီး တစ် ''
" နင်ကတော်သားဘဲ ''
" နင်ကလည်း အမှတ်လေးက သုံးမှတ်လေးဘဲ ကွာတာပါဟာ ''
" အေးပါဟ ဒါနဲ့ ခွန်းစစ်လင်းရော ''
" ဘယ်သိမလဲ နင်မေးကြည့်ပါလား ''
" သူမျက်နှာက မှုန်ကုပ်ကုပ်နေပြီးတော့ ငါဘယ်လိုမေးရမလဲတောင်မသိဘူး ဒီကြားထဲလည်း စာမေးပွဲကိစ္စနဲ့ လုံးပမ်းနေရတော့ စကားတောင်မပြောဖြစ်တာလေ ''
" သူငယ်ချင်းတွေဘဲ သူလည်း စိတ်ပြေနေလောက်ပါပြီး လာသွားမေးကြည့်ရအောင် ''" အေး ''
" ခွန်းစစ်လင်း '' စစ်အောင်ဦးက ခေါ်လိုက်လေတော့သည်။
" ဘာလဲ ''
" ဖြေပုံကလဲ''
" ဘာလဲ မပြောလို့ ငါက ဘယ်လိုထူးရမှာလဲကွ ''
" ထားပါတော့ အဆင့်ဘယ်လောက်ရလဲ ''
" ဘာလုပ်မလို့လဲ မင်းက ''
YOU ARE READING
''အချစ်ဆိုသည်မှာ " ( Completed )
Romanceဂိုဏ်းစတားဆန်ဆန် လူငယ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ ခွန်းစစ်လင်းဆိုသော အနေတည်သော၊ တည်တံ့ပြီး ကြည့်ကောင်းကောင်းသောကောင်လေးတစ်ယောက်နှင့် ထိုင်းမြန်မာကပြားကောင်လေးဖြစ်တဲ့ စစ်အောင်ဦးတို့ရဲ့ အဓိကဇာတ်အိမ်တည်ထားသော ဇာတ်လမ်းလေးပါ။ တစ်ယောက်ကိုတစ်ယောက် အနစ်နာခံခ...