" အချစ်ဆိုသည်မှာ " အပိုင်း ( ၁၂ )

432 27 0
                                    

" So in Love ''

         အခန်း ( ၁၂ )

     စစ်အောင်ဦးတစ်ယောက် ကျောင်းပိတ်သောကြောင့် အိမ်မှာ ဖခင်ဖြစ်သူနှင့် အိမ်သန့်ရှင်းရေးလုပ်နေလေတော့သည်။ မော်လမြိုင်ကို ရောက်လာပြီးကတည်း​က အိိမ်ကိုကောင်းကောင်လေး သန့်ရှင်းရေး မလုပ်ရသေးတာ အခုတော့ သားအဖနှစ်ယောက်လုံးအားတာနှင့် သန့်ရှင်းရေး လုပ်နေကြလေတော့သည်။ ပစ္စည်းများကို နေရာတကျထားတန်ထား၊ မသုံးတာ ပစ်စရာရှိတာပစ် လှဲကျင်းသိမ်းဆည်းနေကြလေတော့သည်။

  " စစ်အောင်ဦး... စစ်အောင်ဦး ''

      အိမ်အပြင်ဘက်မှ ခေါ်သံကြောင့် စစ်အောင်ဦး တစ်ယောက် ပြေးထွက်လာလေတော့သည်။

" ဟင် တိုးတက်ထွန်းပါလား ''

" အေး ဘာတွေလုပ်နေတာလဲ ''

" အိမ်သန့်ရှင်းရေးလုပ်နေတာလေ ''

" သြော် ငါဘာကူပေးရမလဲပြော ''

" ရပါတယ်ကွာ လာခဲ့ ပြီးနေပြီးကွ ''

" အေးအေး ''

" ဖေဖေရေ ဒီမှာ သားသူငယ်ချင်း ရောက်နေတယ် ''

" အိမ်ထဲခေါ်လိုက်လေကွာ ''

" ဟုတ်ဖေဖေ ''

" လာခဲ့ တိုးတက်ထွန်း ငါခြေလက်ဆေးလိုက်ဦးမယ် ''

" အေး အေးဆေးလုပ် ''

       စစ်အောင်ဦးတစ်ယောက် အမြန်ပြေး၍ ရေချိုးခန်းဝင်ကာ ခြေလက်ဆေးလေတော့သည်။

" ကဲရပြီး ရော့ သောက်လိုက်ဦး ''

      ခြေလက်ဆေးရင်း ပြန်ထွက်လာသောအခါ Cola ဘူးလေးကို ယူလာလေတော့သည်။

" မနက်ဖြန် ငါတို့ခြံထဲသို့သွားမယ် လိုက်ခဲ့ပါလား ''

" ဘာခြံလဲကွ ''

" အိမ်ကကားနဲ့သွားမှာကွ ရွာဘက်ဆင်းမှာလေ ကြက်မောက်၊ မင်းဂွတ်၊ ဒူးရင်း အစုံရှိတယ်လေ ''

" ကြာလား သွားရမှာ ''

" နှစ်နာရီလောက်မောင်းရင်ရပြီး ''

" ဟုတ်လား ''

" အေး လိုက်ခဲ့လေကွာ မင်းလည်း မရောက်ဖူးဘူးဟုတ်လား အဲ့ဘက်မှာက ပျော်ဖို့ကောင်းတယ် ခြံထဲဆိုတော့လေ ''

''အချစ်ဆိုသည်မှာ " ( Completed ) Место, где живут истории. Откройте их для себя