" အချစ်ဆိုသည်မှာ " အပိုင်း ( ၁၅ )

454 26 0
                                    

" So in Love ''

အခန်း ( ၁၅ )

           ( ၅ ) နှစ်ခန့်ကြာသောအခါ

" ဘာလဲ မင်းက ဘာအချိုးချိုးတာလဲ ငါ့စားကျက်နယ်မြေကနေ ငါ့လူတွေကို မင်းကထိရဲတယ်ဆိုတော့ မင်းက ဘာကောင်လဲဆိုတာ ပြချင်တာလား ''

" မင်းလူတွေကမှ သုံးစားမရတာ အဲ့တော့ ငါကသုံးစားရအောင် သင်ပြပေးတာလေကွာ ''

" ငါလူတွေက သုံးစားမရတာလား မင်းက စိတ်ဓာတ်အောက်တန်းကျသွားတာလား ''

" ဟိတ်ကောင် မင်းငါ့ကို မစော်ကားနဲ့နော် ''

" ငါပြောတာအမှန်ဘဲလေကွာ ''

" မင်း တွေ့ကြသေးတာပေါ့ကွာ ''

" ချ...ကြ..... ကွာ ''

" ဖြောင်း....ဖြောင်း...ခွပ်...ခွပ်.....''

      လူသူသွားလာ နည်းပါးနေသော မြို့ပြင်ဘက် ခပ်ကျကျ ရာဘာခြံတွေဘက်မှာ လူအယောက်နှစ်ဆယ်ခန့် ထိုးကြိတ်နေကြလေတော့သည်။ တစ်ဖက်နှင့် တစ်ဖက် ဒုတ်နဲ့လူက ဒုတ် လက်သီးနှင့်လူက လက်သီး သန်ရာသန်ရာနှင့် အငြိုးမာန်ကြီးစွာ သတ်ပုတ်နေကြလေတော့သည်။ အယောက်တိုင်းလိုလိုလည်း သွေးသံတွေတရဲရဲ ထွက်​နေကြပေမဲ့ ထိုသတ်ပုတ်နေတဲ့ပွဲကတော့ မရပ်သွားသေးပေ။

      ထိုအချ်ိန်မှာ..

" ဝီ....ဝီ....ဝီ.....''

" ဟာ ရဲတွေလာနေပြီး လူစုခွဲကြဟေ့ ''

       တစ်ဝီဝီနှင့် မောင်းနှင်လာသော ရဲကားအသံတွေကြောင့် ထိုလူစုကြီး အမြန်ပင် လူစုခွဲကာ ပြေးသွားကြလေတော့သည်။ သို့သော် တစ်ယောက်စနှစ်ယောက်စတော့ မိသွားကြလေတော့သည်။ ကျန်တဲ့လူတွေကတော့ ရရာလမ်းကြောင်းအတိုင်း ပြေးသွားကြလေတော့သည်။ ရဲအချို့ကလည်း အနောက်ကနေ ပြေးလိုက်ကြလေတော့သည်။

" မပြေးနဲ့ ရပ်လိုက်... ''

     ဘယ်လိုပင်အော်ပြီး အမိန့်ပေးနေသော်ငြားလည်း အားလုံးက ကိုယ်စီကိုယ်က ပြေးလွှားနေကြလေတော့သည်။    

     တောင်ကုန်းမို့မို့လေးပေါ်မှာ အိမ်လေးတစ်လုံးရှိနေလေတော့သည်။ ထိုအိမ်လေးသည် အပြာနုရောင်လေးခြယ်ထားပြီး တောင်ကုန်းမို့မို့ပေါ်လေးမှာ ရှိနေခြင်းကပင် ပဏာသင့်ကာ လှပနေသယောင်ထင်လှပေသည်။ ညနေစောင်းရဲ့ အလှနဲ့ ထိုအိမ်လေးနှင့်က အပန်းဖြေဖို့နေရာကောင်းတွေထဲက တစ်ခုလို့တောင် ပြောလို့ရပေမည်။

''အချစ်ဆိုသည်မှာ " ( Completed ) Место, где живут истории. Откройте их для себя