For 💔💔💔

7.8K 181 27
                                    

ထွဋ်ခေါင်ဦး၏ဘဝဇာတ်ကြောင်း(၁)


'ထွဋ်ခေါင်ဦး'တဲ့...
ဒီနာမည်ကို မာမီကိုယ်တိုင် ရွေးပေးခဲ့တာလို့ ဒယ်ဒီက ပြောပြဖူးတယ်။ မာမီနဲ့ ပတ်သက်တဲ့ အမှတ်တရတွေက ကျွန်တော့်အတွက် မှုန်ဝါးဝါးရယ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် (၂)နှစ်သားအရွယ်လောက်ကတည်းက မာမီ ဆုံးပါးသွားခဲ့တာလေ။
ဒါပေမဲ့ မိတဆိုးသားလေးဆိုပြီး ဒယ်ဒီက အချစ်တွေ ပုံအောပေးခဲ့ရှာပါတယ်။ ကျွန်တော် လိုချင်တာမှန်သမျှ မရတာ မရှိရလေအောင်ကို ဖြည့်ဆည်းပေးခဲ့တာ။

"သား...ဘာလို့ မပြုံးမရွှင်ဖြစ်နေတာလဲ!? ညနေတုန်းက ထမင်းလည်း နည်းနည်း‌လေးပဲ စားတယ်ဆို။ ကျောင်းမှာ တစ်ခုခုဖြစ်လာလို့လား!?"

"ဒယ်ဒီ့ကို ဘယ်သူ ပြောတာလဲ!?"

"ကြီးမေ ပြောပြတာလေ။ ဒယ်ဒီ အလုပ်သွားတဲ့အချိန်ဆို သားရဲ့အခြေအနေကို အကဲခတ်ပေးဖို့ သူ့ကိုပဲ မှာထားရတာ။"

ဒယ်ဒီက ကျွန်တော့်မျက်နှာကို တစ်ချက်မှ မညှိုးစေရအောင် ဂရုစိုက်တဲ့သူပါ။

"ဒီနေ့ ကျောင်းက ပထဝီအချိန်မှာ သား စာအမေးခံရတယ်။ ဒယ်ဒီလည်း သိရဲ့သားနဲ့။ သားက ပထဝီတို့ သမိုင်းတို့လို ကျက်စာပိုင်းမှာ အားနည်းတဲ့သူလေ။ ပြီးတော့ ဆရာမက ဒီနေ့ စာမေးမယ်ဆိုတာကိုလည်း ကြိုမမှာထားဘူး။"

ကျွန်တော် ဘာကိုဆိုလိုချင်မှန်း ဒယ်ဒီက ချက်ချင်းသဘောပေါက်သွားလေရဲ့။

"စာမကျက်သွားမိလို့ ဆရာမ ဆူတာကို ခံခဲ့ရတယ်ဆိုပါတော့။"

"ဆူရုံတင် ဘယ်ကပါ့မလဲ!!! သားရဲ့လက်ကိုလည်း ကြိမ်လုံးနဲ့ ငါးချက်ချလိုက်သေးတယ်။"

အဲဒီစကားက ဒယ်ဒီ့ကို ဒေါသထွက်သွားစေတာပေါ့။ သူကိုယ်တိုင်တောင် ရိုက်နှက်ဆုံးမဖို့ မရွယ်ရက်တဲ့ ကျွန်တော့်ကို တခြားသူက ရိုက်လိုက်သတဲ့လေ။

"အဲ့ဆရာမရဲ့နာမည်ကို သိလား!?"

"ခုနစ်တန်းရဲ့ပထဝီဆရာမ ဒေါ်တင်ယုနွယ်တဲ့။"

"ခဏ‌လေး...ဒယ်ဒီ ကျောင်းအုပ်ဆီကို ဖုန်းဆက်ပြီး လှမ်းမေးကြည့်လိုက်ဦးမယ်။"

အမုန်းတရားများစွာဖြင့်                                    (With a lot of Hatred)Where stories live. Discover now