အခန်း ၃၂ (Chapter 32)

7K 547 8
                                    

(Unicode Version)


၂၀၂၆ခုနှစ်၊ မတ်လ ၁၇ရက်၊ နံနက် ၆နာရီ

နဖူးပြင်ပေါ်က နူးညံ့တဲ့ အထိအတွေ့တစ်ခုကြောင့် သူ နိုးထလာခဲ့ရလေသည်။ မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ သူနဲ့ အနီးဆုံးမှာ ရှိနေသူက ဒန်နီရယ် ဖြစ်နေသည်။

"ဘုရားကိုသွားပြီး ကုသိုလ်ကောင်းမှု လုပ်ရမယ်။ အိပ်ရာက မြန်မြန်ထတော့။"

ဒန်နီရယ့်စကားအတိုင်း သူ အိပ်ရာက ထပြီး ဘုရားသွားဖို့ ပြင်ဆင်ရတော့သည်။ သူတို့နှစ်ဦး ဘုရားကိုရောက်ချိန်မှာ နံနက် ၈နာရီခန့် ရှိနေလေပြီ။ ကြာသပတေးနံထောင့်မှာ သူ ရေသပ္ပါယ်ပြီး ပြန်ထွက်လာတော့ ဒန်နီရယ်က သူ့ကို ဓာတ်ပုံလှမ်းရိုက်လိုက်လေသည်။

"မင်းက ကိုယ့်ကို ထူးထူးဆန်းဆန်း ဓာတ်ပုံရိုက်ပေးနေပါလား!?"

"မွေးနေ့ရှင်မို့ ကောင်းကောင်းမွန်မွန် ဆက်ဆံနေတယ်လို့ မှတ်ပါ။"

ဒန်နီရယ့်ကို သူ ပြုံးပြပြီး ပြောလိုက်မိသည်။

"ဟုတ်ပါပြီ။ ဒီနေ့ စိတ်ကောင်း၀င်နေ,လက်စနဲ့ ကိုယ့်ကို ကိုကို လို့ ခေါ်ကြည့်ပါလား!?"

ဒန်နီရယ်က သူ့ကို ဘာမှ ပြန်မပြောတော့ပေ။ ဒီကောင်လေးက သူ့ကို အဲ့လိုမျိုး ခေါ်မယ်တဲ့လား!? သူ ဒန်နီရယ့်ခေါင်းလေးကို ပုတ်ပေးပြီး ထွက်လာခဲ့တော့သည်။

"ကိုကို..."

သူ မယုံကြည်နိုင်စွာဖြင့် နောက်ကို ပြန်လှည့်လိုက်မိသည်။

"မင်း ကိုယ့်ကို ဘယ်လိုခေါ်လိုက်တာလဲ!?"

"မကြားလိုက်ဘူးဆိုရင်လည်း နေပါစေတော့။"

ထွက်သွားဖို့ ဟန်ပြင်လိုက်တဲ့ ဒန်နီရယ့်လက်လေးကို သူ လှမ်းဆွဲလိုက်တော့သည်။

"ကိုယ် ကြားလိုက်ပါတယ်။ ဒါပေမဲ့ မယုံလို့ ထပ်မေးမိဝာာပါ။ စိတ်တော့ မဆိုးလိုက်ပါနဲ့နော်။"

ဒန်နီရယ်က သူ့ကို ခေါင်းငြိမ့်ပြလေသည်။ သူတို့နှစ်ဦး ဘုရားကို တစ်ပတ်ပြည့်အောင် ပတ်ပြီးချိန်မှာ စားသောက်ဆိုင်တစ်ခုကို ၀င်ပြီး နံနက်စာ စားလိုက်ကြတော့သည်။

အမုန်းတရားများစွာဖြင့်                                    (With a lot of Hatred)Where stories live. Discover now