အခန်း ၈ (Chapter 8)

12.9K 999 56
                                    

(Unicode Version)


၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၇ရက်

ဒီနေ့က စနေနေ့မို့ သူရိန်ညီနဲ့ အတူတူ ဘတ်စကတ်ဘော လိုက်ကစားပေးရလေသည်။ အမြဲတမ်း ဘတ်စကတ်ဘော ကစားနေကြဖြစ်တဲ့ (၁၆)နှစ်သားလေးကို သူ ဘယ်လိုမှ မယှဉ်နိုင်အောင် ဖြစ်နေတော့သည်။

"ကိုကိုကလည်း ညီ့ကို နိုင်အောင် မဆော့နိုင်ဘူးလား!?"

သူ့ကို မခံချင်အောင် စ,နေတဲ့ သူရိန်ညီကို လှမ်းကြည့်လိုက်မိသည်။ ချွေးတွေ စိုရွှဲနေတဲ့ သူရိန်ညီရဲ့ဆံနွယ်စလေးတွေက ဆွဲဆောင်မှုရှိစွာနဲ့ မျက်လုံးရှေ့မှာ တွဲလောင်းခိုနေလေသည်။ ဖြူဝင်းလှတဲ့ အသားအ‌ရည်နဲ့ ၀တ်ဆင်ထားတဲ့ ဘတ်စကတ်ဘော အင်္ကျီအနီ‌ရောင်ကလည်း လိုက်ဖက်ညီနေပြန်သည်။ ယောက်ျားလေး အချင်းချင်းတောင် ငေးကြည့်ရတဲ့ ဒီကောင်လေးကို သူ အားကျမိသည်။

"ဘာကြည့်နေတာလဲ ကိုကိုရဲ့!?"

သူရိန်ညီက သူ့အနားကို ဖြည်းဖြည်းချင်း လျှောက်လာပြီး မေးလိုက်သည်။ ယောက်ျားလေးတစ်ယောက်ရဲ့ခြေသလုံးက ဒီလောက်အထိ ကြည့်ကောင်းဖို့ လိုလို့လား!? သွေးကြောစိမ်းစိမ်းလေးတွေကလည်း ပေါ်နေ‌လိုက်သေးတာ။ ဒီကောင်လေးက ဘာလို့ ဒီလောက်တောင် ကြည့်ကောင်းနေရတာလဲ!?

"ဟာ...ညီ မေးတာကိုလည်း ပြန်မဖြေဘူး။"

သူရိန်ညီက သူ့အရှေ့တည့်တည့်မှာ လာရပ်ပြီး ပြောလေသည်။ အခုလိုမျိုး နီးနီးကပ်ကပ်ရှိနေချိန်တိုင်း သူရိန်ညီ့ကိုယ်ပေါ်က အနံ့တစ်မျိုးကို သူ အမြဲရတတ်သည်။ ထိုအနံ့လေးကလည်း လူကို ဆွဲဆောင်နိုင်စွမ်း ရှိနေပြန်တော့သည်။

"ကိုကို!!!"

သူရိန်ညီက သူ့မျက်စိရှေ့မှာ လက်ဖျောက်တီးပြီး ခေါ်လိုက်တော့မှ သူ အသိပြန်၀င်လာသည်။

"ဟင်!?"

"ကိုကို ဘာတွေ တွေးနေတာလဲလို့ မေးနေတာလေ။"

သူရိန်ညီရဲ့ ကြည့်ကောင်းမှုတွေကို စာဖွဲ့သီနေမိမှန်း သူ ထုတ်မပြောဖြစ်ခဲ့ပါ။

"ဘာမှ မတွေးပါဘူး။"

သူ့ရဲ့အဖြေစကားကို သူရိန်ညီက အလိုမကျပေမယ့် ထပ်မမေးတော့ဘဲ စကားလမ်းကြောင်းကို လွှဲလိုက်လေသည်။

အမုန်းတရားများစွာဖြင့်                                    (With a lot of Hatred)Nơi câu chuyện tồn tại. Hãy khám phá bây giờ