အခန်း ၃၉ (Chapter 39)

7.4K 553 24
                                    

(Unicode Version)


၂၀၂၆ခုနှစ်၊ ဧပြီလ ၅ရက်

ဟန်နီ့အဖေရဲ့အကူအညီနဲ့ ဒီဇိုင်းအသစ်တွေကို သူ အချိန်မီအပ်နိုင်ခဲ့လေသည်။ ထို့ကြောင့် ထွဋ်ခေါင်ဦးကို သူ့ဘက်က လျော်ကြေးပေးစရာ မလိုတော့သလို၊ ကုမ္ပဏီရဲ့နာမည်ကိုလည်း ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည်။ ထိုနေ့ညက သူတို့ကုမ္ပဏီနှစ်ခုရဲ့ပူးပေါင်းမှုကို အောင်ပွဲခံတဲ့အနေနဲ့ ညစာစားပွဲကို 'Glorious Sun'ဟိုတယ်မှာ ကျင်းပခဲ့ကြသည်။ ထွဋ်ခေါင်ဦးရဲ့မျက်နှာကို မမြင်ချင်ပေမယ့်လည်း ကုမ္ပဏီဥက္ကဌတစ်‌ယောက်အနေနဲ့ သူ ဒီပွဲကို မတက်လို့ မဖြစ်ပေ။ ဟန်နီကလည်း သူ့ကို အဖော်ပြုပေးဖို့ လိုက်ပါလာခဲ့လေသည်။ ထွဋ်ခေါင်ဦးက သူရိန်ညီကို ခေါ်လာလေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ လူကြားထဲမှာ သူ ရှာကြည့်ခဲ့ပေမယ့် သူရိန်ညီ့ကို အရိပ်အယောင်ပင် မမြင်ခဲ့ရပေ။ မရယ်ချင်ဘဲနဲ့ ဟန်ဆောင်ပြီး ပြုံးရယ်ပြနေရတဲ့ ပတ်၀န်းကျင်ကြီးကို သူ ငြီးငွေ့လာပြီး လေကောင်းလေသန့်ရှုဖို့အတွက် ဟိုတယ်ရဲ့အပေါ်ဆုံးထပ်ကို တက်လာခဲ့လိုက်တော့သည်။ ထိုနေရာမှာ သူနဲ့ အကြံတူနေသူတစ်ယောက်ကို အမှတ်မထင် မြင်တွေ့လိုက်ရလေသည်။

"ညီ..."

သူ့ခေါ်သံကြောင့် သူရိန်ညီက ကောင်းကင်ကို မော့ကြည့်နေရာမှ လှည့်ကြည့်လိုက်လေသည်။ သူလည်း သူရိန်ညီ ရပ်နေတဲ့နေရာဆီ လျှောက်သွားလိုက်မိတော့သည်။ အနီးကပ်ကြည့်မိချိန်မှာ သူရိန်ညီ့မျက်နှာလေးက အရင်ကထက် ချောင်ကျနေတာကို သူ တွေ့လိုက်ရသည်။

"မင်း အရမ်းပိန်သွားတယ်။"

သူရိန်ညီက ငြိမ်သက်စွာဖြင့် ကောင်းကင်ကိုသာ ပြန်မော့ကြည့်နေလေသည်။ သူကတော့ သူရိန်ညီ့မျက်နှာလေးကိုသာ ငေးကြည့်နေလိုက်မိသည်။ သူရိန်ညီ့ကို အခုလို အနီးကပ် မမြင်ရတာ အတော်ကြာခဲ့ပြီလေ။

"ဒီနေ့ည (၉)နာရီမှာ ကြယ်ကြွေမယ်လို့ ကြားထားတယ်။"

ရုတ်တရက် ပြောလိုက်တဲ့ သူရိန်ညီ့စကားကြောင့် သူ ကောင်းကင်ကို မော့ကြည့်လိုက်မိသည်။ နက်ပြာရောင်ကောင်းကင်ကြီးက တဖျတ်ဖျတ် လင်းလက်တောက်ပနေတဲ့ ကြယ်လေးတွေနဲ့ လိုက်ဖက်ညီနေပေသည်။ ကြယ်ကြွေကျမယ့် အရိပ်အယောင်ကို မမြင်တွေ့ရဘဲ ပကတိ ငြိမ်သက်နေသလိုပင်။

အမုန်းတရားများစွာဖြင့်                                    (With a lot of Hatred)Where stories live. Discover now