အခန်း ၄၂ (Chapter 42)

8.1K 542 28
                                    

(Unicode Version)


၂၀၂၆ခုနှစ်၊ ဧပြီလ ၂၁ရက်၊ နေ့လည် (၁၂)နာရီ

သူရိန်ညီ့ကို မင်္ဂလာပွဲကနေ သူ့တိုက်ခန်းဆီ ခေါ်လာခဲ့တော့သည်။ သူတို့နှစ်ဦး အခန်းထဲရောက်ရောက်ချင်းမှာပဲ သူရိန်ညီက စကားစ,ပြောလိုက်လေသည်။

"အ၀တ်အစားနည်းနည်းနဲ့ အရေးကြီးတဲ့ပစ္စည်းတွေကို ယူပြီး ဒီအိမ်ကနေ မြန်မြန် ပြန်ထွက်သွားတာ ပိုကောင်းလိမ့်မယ်။"

သူရိန်ညီ့စကားကြောင့် သူ အံ့အားသင့်စွာဖြင့် မေးလိုက်မိသည်။

"ဘာဖြစ်လို့လဲ!?"

သူရိန်ညီက သူ့အမေးကို စိတ်မရှည်ဟန်ဖြင့် ပြန်ဖြေလေသည်။

"ဦးက သူ့လူတွေကို လွှတ်ပြီး ကျုပ်တို့ကို လာရှာခိုင်းလိမ့်မယ်။"

"လာရှာလည်း ထွက်တွေ့လိုက်ရုံပဲပေါ့။ သူ့ကို ကြောက်နေဖို့မှ မလိုတာ။"

သူ့စကားကိုကြားတော့ သူရိန်ညီက ဒေါသတကြီး ပြောလိုက်လေသည်။

"ခင်‌ဗျား သူ့အကြောင်းကို ဘယ်လောက်သိလို့လဲ!? ပြောတဲ့အတိုင်း မလုပ်ဘူးဆိုရင် အခုချက်ချင်း အဲ့မင်္ဂလာပွဲနေရာကို ကျုပ် ပြန်သွားရလိမ့်မယ်။"

သူရိန်ညီက ထွဋ်ခေါင်ဦးကို ဘာလို့ ဒီလောက်တောင် ကြောက်နေရသလဲဆိုတာ သူ နားမလည်နိုင်ပေ။ ဒါပေမဲ့လည်း သူရိန်ညီ စိတ်ချမ်းသာအောင် လိုက်လုပ်ပေးဖို့ သူ ဆုံးဖြတ်လိုက်တော့သည်။ အ၀တ်အစားအနည်းငယ်နဲ့ ငွေအပါအ၀င် အခြားအရေးကြီးတဲ့ ပစ္စည်းအားလုံးကို လက်ဆွဲသေတ္တာထဲ သူ စုထည့်လိုက်တော့သည်။

"တိုက်ခန်း‌ရှေ့မှာ သူ့လူတွေ ရောက်နေလောက်ပြီ။ အရေးပေါ်လှေကားဘက်ကနေ ဆင်းမှ ရတော့မယ်။"

သူရိန်ညီက ၀ရံတာကနေ အောက်ကို လှမ်းကြည့်ရင်း စိုးရိမ်တကြီး ပြောလိုက်လေသည်။

"သူတို့ဘက်က ရမ်းကားတဲ့ အပြုအမူမျိုးတွေ လုပ်လာရင် ကိုယ်တို့ဘက်ကလည်း သက်ဆိုင်ရာကို အကြောင်းကြားလိုက်လို့ ရပါတယ်...ညီရဲ့။"

ထိုအခါ သူရိန်ညီက သူ့ဘက်ကို လှည့်ကြည့်ပြီး ပြောလိုက်လေသည်။

အမုန်းတရားများစွာဖြင့်                                    (With a lot of Hatred)حيث تعيش القصص. اكتشف الآن