(Unicode Version)
၂၀၁၃ခုနှစ်၊ နို၀င်ဘာလ ၁၁ရက်သတ္တမတန်းစာမေးပွဲမှာ သူက ပထမဆုရခဲ့တာမို့ ဆုတက်ယူရမယ့်အကြောင်း အတန်းပိုင်ဆရာမက ပြောလေသည်။ မေမေ့ကို ဒီအကြောင်း ပြောပြဖို့ သူ ရွှင်ပျစွာနဲ့ အိမ်ပြန်လာခဲ့တော့သည်။
"ဒီနေရာမှာ ဘယ်သူက ဆပ်ပြာဆီတွေပေအောင် လာလုပ်ထားတာလဲ!?"
အိမ်ထဲ မ၀င်ခင်မှာ ကြားလိုက်ရတဲ့အသံကြောင့် သူ မျက်နှာကို တည်ထားလိုက်ရတော့သည်။
"ကျွန်...ကျွန်မ ပါ ဆရာ။ ကြမ်းတိုက်နေတုန်း ဟင်းအိုး ဝေကျလို့ သွားကြည့်မိတာ။ သူရိန်လေး ရောက်လာမှန်း မသိလိုက်လို့ပါ။"
အိမ်အကူ အဒေါ်ကြီးက ကြောက်ကြောက်လန့်လန့်နဲ့ ဖြေလေသည်။ ဘာဖြစ်ခဲ့တယ်ဆိုတာကို သူ သေချာမသိပေမယ့် သူရိန်ညီနဲ့ ပတ်သက်နေတာတော့ သေချာသည်။ သူရိန်ညီ့ကြောင့် ဖေဖေ အလုပ်ထုတ်ပစ်ခဲ့တဲ့ အိမ်အကူပေါင်းက ဒီငါးနှစ်အတွင်းမှာ ဆယ်ယောက် မက,တော့ပေ။ သူ ဘယ်ပြဿနာကြားထဲမှာမှ မပါချင်တာမို့ တိတ်တိတ်လေး အပေါ်ထပ်ကို တက်ခဲ့ရသည်။ အခန်းထဲမှာ ကျောင်း၀တ်စုံ လဲနေတုန်း တံခါးခေါက်သံကြားရလို့ သွားဖွင့်ကြည့်လိုက်မိသည်။ သူ တွေ့လိုက်ရတာက တံခါး၀နားမှာ ငိုတော့မယ့်ရုပ်လေးနဲ့ မတ်တပ်ရပ်နေတဲ့ သူရိန်ညီ့ ကိုပင် ဖြစ်သည်။
"ကိုကို...ညီ့ခေါင်းပေါက်သွားတယ်။"
'ပေါက်မှာပေါ့ မင်းက အဆော့သန်တာကို။' အဲဒီလိုမျိုး ပြောလိုက်ချင်စိတ်ကို မျိုသိပ်ရင်း မေးလိုက်ရသည်။
"ဘာလို့ ခေါင်းပေါက်သွားတာလဲ!?"
"ဆပ်ပြာဆီတွေကို တက်နင်းမိလို့။"
"ဘယ်နားထိသွားတာလဲ!?"
သူရိန်ညီက သူ့ခေါင်းသေးသေးလေးကို လက်ညှိုးနဲ့ ထိုးပြလေသည်။
"အဲ့နားမှာ ပေါက်သွားတာ။"
သူ လှမ်းကြည့်လိုက်တော့ သူရိန်ညီ့နားထင်မှာ ဒဏ်ရာသေးသေးလေးကို တွေ့လိုက်ရသည်။ ဒီလောက် ဒဏ်ရာလေးအတွက် ပြဿနာတက်နေရသတဲ့လား!? ထားပါလေ...ကိုယ်နဲ့မှ မဆိုင်တာ။
YOU ARE READING
အမုန်းတရားများစွာဖြင့် (With a lot of Hatred)