For 💔💔💔

2.3K 128 37
                                    

ထွဋ်ခေါင်ဦး၏ဘဝဇာတ်ကြောင်း(၄)

အချစ်ဆိုတာက လေလိုပါပဲ။ ဘယ်အချိန်မှာ ဝင်လာမယ်မှန်း ကြိုတင်မသိမြင်နိုင်တဲ့အရာမျိုးပေါ့။ တစ်ခါတရံမှာ လေပြည်ညင်းအနေနဲ့ သာယာမှုပေးနိုင်ပေမယ့် တချို့ကာလတွေမှာ လေပြင်းမုန်တိုင်းလိုမျိုး ကြမ်းတမ်း‌သွားတတ်ပါတယ်။ အေးချမ်းနေပြီလို့ ထင်ထားခဲ့တဲ့ ကျွန်တော့်ကမ္ဘာလေးမှာ အမှားတွေ တစ်ဖန်ပြန်လည်စတင်လာတဲ့ နေ့လေးတစ်နေ့ကို ရောက်ရှိခဲ့ပြီလေ။

"ကျွန်တော် သူနဲ့ အတူအိပ်ခဲ့တယ်...ဦး။"

ဒီစကားက ကျွန်တော့်ရင်ထဲကို မီးစနဲ့ ထိုးချလိုက်သလိုပါပဲ။ ပူလောင်ပြီးတော့ နာကျင်ရတာကို သူ့ရှေ့မှာ ထုတ်မပြမိအောင် ထိန်းနိုင်ဖို့ဆိုတာက သိပ်တော့ မလွယ်ကူခဲ့ပါဘူး။

"ဘာဖြစ်လို့လဲ!? မင်း ပြောတော့ သူ့ကုမ္ပဏီကို အလုပ်ဝင်ပြီး သတင်းယူမှာဆို..."

"ကျွန်တော် ဘားကို သွားတဲ့အချိန်မှာ သူက လှမ်းမြင်လိုက်လို့ မူလအကြံကို ပြောင်းပစ်ခဲ့ရတာပါ။"

ဒါက ဆင်ခြေတစ်ခုဆိုတာကို ကျွန်တော် သိပြီးသားပါ။ 'ငါ မကြိုက်ဘူး..မလုပ်နဲ့'လို့ ဝင်တားရအောင်လည်း ကျွန်တော်တို့က ချစ်သူတွေမှ မဟုတ်ကြတာ။ ကယ်တင်ရှင်သာသာဆက်ဆံရေးမျိုးနဲ့ သူ့အနားမှာ နေနေရတဲ့သူပဲလေ။

"ပြောင်းလိုက်တဲ့ အကြံအစည်က ဘာလဲ!?"

"ကျွန်တော်က ဘားမှာ အလုပ်လုပ်တဲ့သူလို့ပဲ သူ သိထားတယ်။ ဦးက ကျွန်တော့်ရဲ့စပွန်ဆာပေါ့။ သတင်းခိုးဖို့မလိုဘဲ ကျွန်တော့်မိဘအိမ်ကိုလည်း ပြန်ရနိုင်ပြီလေ။"

"မင်းနဲ့ သူက ဒီလိုပဲ ထပ်တွေ့ရဦးမှာလား!?"

"လောလောဆယ်ပေါ့..."

သူက သွေးအေးအေးနဲ့ ဆက်ပြောနေပေမယ့် ကျွန်တော်ကတော့ ရင်တွေ ပူလောင်လွန်းလို့ ပြေးထွက်သွားချင်မိတယ်။

"လာမယ့်(၄)ရက်နေ့ သူ့စေ့စပ်ပွဲရှိတယ်။"

"စေ့စပ်ပွဲကို ဖျက်မလို့လား!?"

အမုန်းတရားများစွာဖြင့်                                    (With a lot of Hatred)Nơi câu chuyện tồn tại. Hãy khám phá bây giờ