အခန်း ၄၈ (Chapter 48)

7.9K 528 49
                                    

(Unicode Version)


၂၀၂၇ခုနှစ်၊ ဧပြီလ ၁၁ရက်

ဂျပန်မှာ လေးရက်တာခန့် ကြာမြင့်ခဲ့ပြီး မြန်မာပြည်ပြန်လာချိန်မှာ အလုပ်ကြွေးတွေကို ဆပ်နေရတာမို့ သူရိန်ညီ့ကို ဂရုမစိုက်နိုင်သလို ဖြစ်ခဲ့ရတော့သည်။ ထိုကြောင့် ရုံးပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ သူရိန်ညီ့ကို ကစားကွင်းဆီ လိုက်ပို့ပေးခဲ့လေသည်။

"ညီ့သူငယ်ချင်းတွေနဲ့အတူ တိုက်ကားစီးခဲ့ဖူးတာကို မှတ်မိသေးတယ်မလား!?"

"မှတ်မိတာပေါ့...ညီရဲ့။"

"အဲ့အချိန်တုန်းက ကိုကို့အပြုံးကို ညီ ပထမဆုံး မြင်ဖူးခဲ့တာ။"

ကလေးတစ်ယောက်လို တတွတ်တွတ် ပြောနေရှာတဲ့ သူရိန်ညီ့ပါးလေးကို သူ ဖွဖွလေး ဆွဲလိုက်မိတော့သည်။ ဒီကောင်လေးက လာမယ့် ဧပြီလ (၂၁)ရက်နေ့မှာ (၁၉)နှစ် ပြည့်တော့မယ့်သူတဲ့လား!?

"ဪ...ညီ မှတ်မိပြီ။"

"ဘာကို မှတ်မိတာလဲ...ညီရဲ့!?"

"ညီ့ကို ချစ်မိနေတာ သေချာသွားရင် အဲ့စကားကို အရင်ဆုံး သိရတဲ့သူက ညီပဲ ဖြစ်‌စေရမယ်ဆိုပြီး ကိုကို ကတိပေးခဲ့ဖူးတယ်လေ။ အဲ့ကတိကို ကိုကို တည်ခဲ့တယ်မလား!?"

သူရိန်ညီ့စကားကြောင့် သူ ခေါင်းနပန်းကြီးသွားရဝောာ့သည်။ အဲ့ကတိကို သူ ပေးခဲ့တာ မှန်ပေမယ့် အရင်ဆုံး သိလိုက်ရတဲ့သူက ဟန်နီ ဖြစ်နေခဲ့တယ်လေ။ သူ့မျက်နှာအမူအရာကိုကြည့်ပြီး သူရိန်ညီက ရိပ်မိသွားလေသည်။

"ညီ့ကို ပထမဆုံးပြောခဲ့တာ မဟုတ်ဘူးပေါ့။"

"အဲဒါ...ကလေ...ဟန်နီ့ကို ပြောပြမိသွား..."

သူ့စကားမဆုံးသေးခင်မှာပဲ သူရိန်ညီက လှည့်ထွက်သွားလေတော့သည်။ သူလည်း သူရိန်ညီ့နောက်ကို ပြေးလိုက်သွားပြီး ချော့ရ‌လေသည်။

"ကိုကို မှားသွားပါတယ်ကွာ။ စိတ်မဆိုးပါနဲ့တော့နော်။"

"ခင်ဗျား ဘာပဲလုပ်လုပ် ကျုပ်နဲ့မှ မဆိုင်တာ။"

"ကိုယ့်ကို အဲ့လိုမျိုး မပြောပါနဲ့...ညီရယ်။ ကိုယ် တောင်းပန်ပါတယ်။ အဲ့တုန်းက ညီက ထွက်သွားတော့ ကိုယ်လည်း အရမ်း၀မ်းနည်းပြီး ပြောထွက်သွားတာပါ။ ကိုယ့်ကို ခွင့်လွှတ်ပါနော်။"

အမုန်းတရားများစွာဖြင့်                                    (With a lot of Hatred)Where stories live. Discover now