(Unicode Version)
၂၀၀၈ခုနှစ်၊ ဧပြီလ ၂၁ရက်ဒီနေ့ သူ့ဘ၀ထဲကို 'သူရိန်ညီ' ဆိုတဲ့ ကောင်လေးတစ်ယောက် ရောက်ရှိလာခဲ့ပါသည်။ ဖြူဖွေးနေတဲ့ အသားအရည်၊ ပန်းနုရောင်သန်းနေတဲ့ ပါးလေးတွေနဲ့ ချစ်စရာ မွေးကင်းစကလေးလေးကို ဖေဖေနဲ့မေမေကတော့ ကြည့်မ၀အောင် ချစ်နေကြလေသည်။
"ညီလေးကို ကြည့်စမ်းပါဦး။ ချစ်ဖို့ မကောင်းဘူးလား!?"
မေမေက ကလေးလေးကို သူ့ရှေ့နား ထိုးပြရင်း ပြောလိုက်သည်။ မေမေ့လက်ပေါ်မှာ ငြိမ်သက်စွာ အိပ်ပျော်နေတဲ့ နီတာရဲ ကလေးပေါက်စလေးက ချစ်စရာကောင်းတာတော့ အမှန်ပင်။ သူ့ရဲ့ပန်းနုရောင်ပါးလေးတွေက နူးညံ့နေလောက်မယ်လို့ သူ ထင်ပြီး ကိုင်ကြည့်ဖို့ လက်ရွယ်လိုက်မိတော့သည်။ ထိုအချိန်မှာပဲ သူ့ရဲ့လက်ကို ဖေဖေက ရုတ်တရက် ပုတ်ချလိုက်လေသည်။
"မင်းရဲ့လက်မှာ ပိုးမွှားတွေ ပါလာရင် ကလေးကို ကူးစက်ကုန်လိမ့်မယ်။"
ပုတ်ချလိုက်တဲ့ အရှိန်ကြောင့် သူ့လက်ဖမိုး နီရဲသွားပြီး စပ်ဖျဉ်းဖျဉ်း ဖြစ်လာလေသည်။
"ဟုတ်တယ်...သားရဲ့။ ညီလေးက တအားငယ်သေးတော့ အစစ,အရာရာ ဂရုစိုက်နေရတယ်။"
သူ့ကို မွေးပြီးပြီးချင်း ဂေဟာရှေ့မှာ လာစွန့်ပစ်သွားတဲ့ သူ့အမေရင်းကတော့ ဒီလိုမျိုး မစိုးရိမ်ခဲ့ဖူးဘူး ထင်ပါရဲ့။ သူ ဆေးရုံခန်းရဲ့ထောင့်နားမှာ သွားထိုင်ပြီး ဖေဖေနဲ့မေမေကို ခပ်ဝေးဝေးက လှမ်းကြည့်နေလိုက်မိသည်။ ကလေးကို တယုတယနဲ့ တစိမ့်စိမ့်ကြည့်ရင်း ချစ်မ၀ဖြစ်နေလိုက်ကြတာများ သူ ရှိမှန်းတောင် မသိကြတော့သလိုပင်။ ခဏကြာတော့ ဖေဖေနဲ့မေမေကို ထိုင်စောင့်နေရင်းက သူ အိပ်ပျော်သွားလေသည်။ ဘယ်လောက်ကြာအောင် အိပ်ပျော်သွားမှန်း မသိလိုက်ပေမယ့် ကလေးငိုသံတစ်ခုကြောင့် သူ လန့်နိုးလာခဲ့ရသည်။ သူ မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ ဖေဖေနဲ့မေမေက အခန်းထဲမှာ ရှိမနေတော့ပေ။ ဆူညံစွာ ထွက်ပေါ်နေတဲ့ ကလေးငိုသံက သူ့ညီလေးရဲ့အသံ ဖြစ်နေသည်။ သူ ကလေးလေးအနားကို သွားပြီး ချော့ပေးလိုက်မိသည်။ ဒီကလေးလေးကလေ အာပြဲလန်အောင် ငိုနေတာတောင် ချစ်စရာကောင်းနေတုန်းပဲ။ သွားလေးတွေကလည်း မရှိသေးတော့ အဘိုးကြီးအိုလေးနဲ့တောင် တူနေသေးတယ်။
ESTÁS LEYENDO
အမုန်းတရားများစွာဖြင့် (With a lot of Hatred)