အခန်း ၁၇ (Chapter 17)

8.3K 681 19
                                    

(Unicode Version)


၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၅ရက်၊ နံနက် ၂နာရီ

သူ အိပ်ပျော်နေစဉ် ဘေးနားက လှုပ်ရှားမှုတစ်ခုကြောင့် နိုးလာရတော့သည်။ သူ လှမ်းကြည့်လိုက်တော့ ဒန်နီရယ်က တစ်စုံတစ်ခုကို ရှာနေလေသည်။

"ညဘက်ကြီး ဘာတွေ ထ,ရှာနေတာလဲ!?"

ဒန်နီရယ်က သူ့ကို လှည့်ကြည့်ပြီး ဖြေလေသည်။

"ကျုပ် အင်္ကျီတွေရော!?"

"ရေတွေ စိုကုန်လို့ ကိုယ် လျှော်ပြီး လှန်းထားတယ်။"

ဒန်နီရယ်က သူ့ရဲ့ရေစိုအ၀တ်အစားတွေကို ချက်ချင်း သွားယူလာပြီး ၀တ်လိုက်လေသည်။ ဒီကောင်လေး ဘာတွေ ထ,လုပ်နေတာလဲ!? အမူးမပြေသေးတာများလား!? သူ မနေနိုင်တော့တာနဲ့ ထ,ပြောလိုက်ရတော့သည်။

"အဲဒါတွေက မခြောက်သေးဘူးလေ။ ဘာလို့ အသည်းအသန် ၀တ်နေတာလဲ!?"

ဒန်နီရယ်က သူ့ကို လှည့်မကြည့်ဘဲ အ၀တ်အစားတွေကို အမြန်၀တ်နေရင်းက ပြန်ဖြေလိုက်သည်။

"ကျုပ် ဦးဆီ ပြန်သွားရတော့မယ်။"

ဒီလို ညဉ့်နက်သန်းခေါင်ကြီး ထွဋ်ခေါင်ဦးဆီ ပြန်သွားမယ်ဆိုတဲ့ ဒန်နီရယ့်စကားက သူ့ဒေါသတွေကို လှုပ်နှိုးလိုက်သလိုပင်။

"မနက်အထိ နေလိုက်‌တော့ရော ဘာဖြစ်သွားမှာမို့လို့လဲ!? မင်းအတွက် အဲ့ကောင်က မရှိရင် မဖြစ်လောက်အောင် အရေးကြီးနေတာလား!?"

ဒန်နီရယ်က သူ့ကို ခနဲ့သလိုပုံစံမျိုးနဲ့ လှမ်းကြည့်လေသည်။

"ခင်ဗျား ထင်ချင်သလိုထင်လို့ ရတယ်။"

သူ့ကို မထီလေးစား‌ ပြောနေတဲ့ ဒီကောင်လေးကို ဘယ်လိုနည်းနဲ့မှ တားလို့မရနိုင်မှန်း သူ သိသည်။ သူတို့နှစ်ဦးရဲ့ပတ်သက်မှုကလည်း အတူအိပ်ရုံကလွဲပြီး တခြားဘယ်အရာနဲ့မှချည်နှောင်ထားခြင်းမရှိမှန်း သူ သိနေသည်။ ဒီတော့ သူ စိတ်ကို လျှော့ပြီး ထပ်မေးလိုက်ရသည်။

"ကိုယ့်ဆီကို ဘယ်နေ့လောက် ထပ်လာနိုင်ဦးမလဲ!?"

တံခါး၀နားရောက်နေတဲ့ ဒန်နီရယ်က သူ့ကို လှည့်မကြည့်တော့ဘဲ ဖြေလေသည်။

အမုန်းတရားများစွာဖြင့်                                    (With a lot of Hatred)Donde viven las historias. Descúbrelo ahora