အခန်း ၃၄ (Chapter 34)

7.2K 574 31
                                    

(Unicode Version)


၂၀၂၆ခုနှစ်၊ မတ်လ ၁၉ရက်

ထွဋ်ခေါင်ဦး ၀ယ်လိုက်တဲ့အိမ်မှာ သူ နေချင်စိတ်မရှိတော့‌တာကြောင့် အရင်တိုက်ခန်းဆီကိုသာ ပြန်ပြောင်းလာခဲ့တော့သည်။ သူရိန်ညီ့ဆီ လှမ်းဆက်သွယ်ဖို့ နည်းလမ်းကို စဉ်းစားကြည့်လိုက်တော့ ထွဋ်ခေါင်ဦးကို ပြေးမြင်မိလေသည်။ အမေရိကကို သူရိန်ညီ ရောက်လောက်မယ့် အချိန်ကို မှန်းပြီး ထွဋ်‌ခေါင်ဦးဆီ သူ ဖုန်းလှမ်းဆက်လိုက်သည်။ ခဏအကြာမှာ တစ်ဖက်က ဖုန်းပြန်ဖြေလေသည်။

"ဟယ်လို..."

အရင်လို ဟန်ဆောင်နေစရာ မလိုတော့တာမို့ သူ ခပ်မာမာပင် ပြန်ပြောလိုက်တော့သည်။

"ဟယ်လို...ထွဋ်ခေါင်ဦးလား!?"

တစ်ဖက်ကလည်း အခြေအနေကို ရိပ်မိပြီး သူနဲ့ အလားတူပင် ပြန်ဖြေလေတော့သည်။

"ဒန်နီရယ့်အကြောင်း မေးဖို့ ငါ့ဆီ လှမ်းဆက်တာလား!?"

"ငါ သူရိန်ညီနဲ့ စကားပြောချင်တယ်။"

"ငါ့ဆီမှာက ဒန်နီရယ်ပဲ ရှိတယ်။ သူရိန်ညီကတော့ မင်း သတ်လို့ သေသွားပြီမလား!?"

"ငါတို့နှစ်ယောက်ရဲ့ကြားထဲကို မင်း ၀င်မပါချင်စမ်းပါနဲ့။"

"ဟား...မင်း မေ့နေပြီလား!? ဒန်နီရယ်က ငါနဲ့ စေ့စပ်ထားတဲ့သူနော်။"

"အရေးမပါတဲ့ စကားတွေကို လာပြောမနေနဲ့။ ငါ သူနဲ့ ပြောစရာရှိတယ်။ သူ့ကို ဖုန်းပေးလိုက်။"

"သူက အခု ငါ့ရင်ခွင်ထဲမှာ အိပ်မောကျနေပြီ။ အိပ်နေပုံလေးကလည်း အရမ်းချစ်ဖို့ကောင်းတော့ ငါက ဘယ်လိုလုပ် နှိုးရက်မှာလဲ!?"

"မင်း!!!"

"ဘယ်လိုလဲ...ရင်ထဲမှာ မွန်းကြပ်နေပြီလား!? အဲ့လိုပုံစံမျိုးကို လွန်ခဲ့တဲ့ တစ်လလုံးလုံး မင်းကြောင့် ငါ ခံစားခဲ့ရတာ။ ငါ အရမ်းချစ်တဲ့သူကို မင်းဆီမှာ ဘယ်လိုစိတ်မျိုးနဲ့ ထားခဲ့ရတယ်ဆိုတာကို ကိုယ်ချင်းစာတတ်ပြီလား!?"

"ဦး..."

ထွဋ်ခေါင်ဦးကို ပြန်ချေပဖို့ ဟန်ပြင်လိုက်ချိန်မှာ သူရိန်ညီ့အသံလေးကို သူ ကြားလိုက်ရလေသည်။

အမုန်းတရားများစွာဖြင့်                                    (With a lot of Hatred)Wo Geschichten leben. Entdecke jetzt