အခန်း ၁၆ (Chapter 16)

8.7K 702 21
                                    

(Unicode Version)


၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၄ရက်

ဒီနေ့က ဟန်နီနဲ့ သူ့ရဲ့စေ့စပ်ပွဲနေ့ဖြစ်သည်။ သူရိန်ညီ့ကို ဆုံးရှုံးလိုက်ရချိန်မှာ ဟန်နီက သူ့ဘ၀ထဲကို ၀င်ရောက်လာခဲ့သည်။ ဒီကောင်မလေးရဲ့ သူ့အပေါ်တွယ်တာစိတ်ကို သူ မငြင်းပယ်ရက်ခဲ့ပေ။ အမှန်တော့ သူရိန်ညီကြောင့် ပြိုလဲနေတဲ့ သူ့စိတ်တွေကို ဟန်နီက ကုစားပေးနိုင်မလားဆိုတဲ့ မျှော်လင့်ချက်ကြောင့် ဟန်နီ့ရဲ့အချစ်ကို သူ လက်ခံပေးခဲ့ခြင်းသာ ဖြစ်သည်။ ဒါပေမဲ့ အချိန်ကြာလာလေလေ၊ သူမ,အပေါ်မှာ ညီမလေးတစ်ယောက်ထက် မပိုနိုင်တဲ့ ခံစားချက်က သေချာလာလေလေပင် ဖြစ်သည်။ ပိုဆိုးတာက အခု သူ့ရင်ထဲကို ဒန်နီရယ်ဆိုတဲ့ ကောင်လေးတစ်ယောက် ၀င်ရောက်လာသည့် ကိစ္စပင်။ အခုမှ ပေါ်လာတဲ့သူတစ်ယောက်အတွက် ဒီစေ့စပ်ပွဲကို ဖျက်လိုက်ပြန်ရင်လည်း ဟန်နီ့အတွက် မတရား,ရာကျတော့မည်။ ပြီးတော့ ဒန်နီရယ်နဲ့ သူ့ရဲ့ဆက်ဆံရေးက ထင်ထားတာထက် ပိုရှုပ်ထွေးနေတာမို့ အခြေအနေကို ဆက်စောင့်ကြည့်ဖို့ သူ ဆုံးဖြတ်လိုက်ရတော့သည်။

"အကို..."

ခြံ‌၀န်းရဲ့အနောက်ဘက်မှာ စီးကရက်သောက်ရင်း အတွေးနွံထဲ နစ်နေတဲ့ သူ့ကို ဟန်နီက လှမ်းခေါ်လိုက်လေသည်။

"ဟင်...ဘာဖြစ်လို့လဲ ဟန်နီ!?"

ဟန်နီက သူ့ကို ပြုံးပြပြီး ပြန်ဖြေလေသည်။

"ဖေဖေတို့က အရေးကြီးဧည့်သည်တွေ ရောက်နေလို့ လာထွက်တွေ့ပါဦးတဲ့။"

"ကောင်းပြီလေ။ အကို လိုက်ခဲ့ပါ့မယ်။"

ဟန်နီက သူ့ကို ခေါင်းငြိမ့်ပြပြီး ထွက်သွားလေသည်။ သူလည်း စီးကရက်ကို မီးငြိမ်းသတ်ပြီး လွှင့်ပစ်ရင်း အိမ်ရှေ့ခြံ၀န်းဘက်ဆီ ထွက်လာခဲ့လိုက်တော့သည်။ ဧည့်သည်တစ်ချို့ကို လက်ခံစကားပြောနေတဲ့ ဦးမျိုးမြတ်ရဲ့အနားကို သူ လျှောက်သွားလိုက်မိသည်။

"ဪ...မောင်သူရိန်ကို ရောက်လာပြီလား!? နှုတ်ဆက်လိုက်ပါဦးကွယ်။ ဒါက Glorious Sunကုမ္ပဏီသူဌေး ဦးထွဋ်ခေါင်ဦးတဲ့။"

အမုန်းတရားများစွာဖြင့်                                    (With a lot of Hatred)Donde viven las historias. Descúbrelo ahora