အခန်း ၁၉ (Chapter 19)

8K 692 13
                                    

(Unicode Version)


၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ရက်

သာယာတဲ့ နံနက်ခင်းလေးတစ်ခုမှာ သူ လန်းဆန်းစွာ နိုးထလာခဲ့လေသည်။ အိမ်မက်ဆိုးတွေရဲ့နှိပ်စက်မှုကနေ လွတ်မြောက်ခွင့်ရခဲ့တာမို့ ခန္ဓာကိုယ်တစ်ခုလုံး အားအင်တွေ ပြည့်၀နေသလိုပင်။ သူ ရေချိုးပြီး အလုပ်သွားဖို့ အဆင်သင့်ဖြစ်ချိန်အထိ ဒန်နီရယ်က အိပ်မောကျနေဆဲဖြစ်သည်။ အိပ်ပျော်နေတဲ့ ဒန်နီရယ့်ကို မနှိုးရက်တာကြောင့် အိပ်ရာဘေးက ခုံပေါ်မှာ စာလေးတစ်စောင် ရေးပေးထားခဲ့ပြီး ကုမ္ပဏီကို ထွက်လာခဲ့လိုက်တော့သည်။

"မင်္ဂလာပါ။"

ရုံးခန်းထဲ ၀င်ခါနီးမှာ သူ့ရဲ့အတွင်းရေးမှူးမလေးက သူ့ကို နှုတ်ဆက်စကားဆိုလေသည်။ သူကလည်း ယဉ်ကျေးမှုအရ ပြုံးရွှင်စွာ ပြန်လည်နှုတ်ဆက်လိုက်တော့သည်။

"မင်္ဂလာပါ။"

သူ့ရဲ့နှုတ်ဆက်သံကို ကြားလိုက်ချိန်မှာ ၀န်ထမ်းအားလုံးက တီးတိုးပြောဆိုကုန်ကြတော့သည်။

"ငါတို့သူဌေးက ပြုံးတတ်သားပဲ။"

"သူ ပြုံးပြပုံလေးက ကြည့်လို့ ကောင်းလိုက်တာဟယ်။"

"လွန်ခဲ့တဲ့နှစ်နှစ်လောက်ကလည်း သူ အခုလိုပဲ ပြုံးပြဖူးတယ်ဟ။"

"ဟုတ်လား!? သူ့ဆီမှာ ဘာ‌ပြဿနာတွေ ဖြစ်ခဲ့လို့ မပြုံး၊ မရယ်နိုင်လောက်အောင် ဖြစ်သွားရတာလဲ!?"

အမျိုးမျိုးပြောဆိုနေကြတဲ့ ၀န်ထမ်းတွေရဲ့စကားကို သူ မကြားချင်ယောင်ဆောင်ပြီး ရုံးခန်းထဲ ၀င်ခဲ့လိုက်တော့သည်။ သူရိန်ညီကြောင့် ရခဲ့တဲ့ သူ့ရဲ့စိတ်ဒဏ်ရာတွေကို ဒန်နီရယ်က ကုစားပေးလိုက်သလိုပင်။ သူ့အတွက် မြင်မြင်သမျှက လှပနေတော့သည်။

နေ့လည် ၁၂နာရီ-

ဒီအချိန်ဆို ဒန်နီရယ် အိပ်ရာက နိုးလောက်ရောပေါ့။ သူ ရေးပေးထားခဲ့တဲ့ စာကို မြင်မှ မြင်ပါ့မလား!? သူ ပြင်ပေးထားခဲ့တဲ့ အစားအစာတွေကိုရော ခံတွင်းမှ တွေ့ပါ့မလား!? ဒန်နီရယ်နဲ့ ဆက်သွယ်လို့ရမယ့် ဖုန်းလေးတစ်လုံးသာ ရှိရင် သိပ်ကောင်းမှာပဲ။ အမျိုးမျိုးတွေးနေရင်းက သူ အကြံတစ်ခု ရသွားလေသည်။ ဟုတ်တယ်...ဒန်နီရယ့်ကို ဖုန်း၀ယ်ပေးရမယ်။ ထိုအချိန်မှာပင် သူ့အတွင်းရေးမှူးမလေးက အလုပ်အတွက် ဖိုင်တွေ လာပို့လေသည်။

အမုန်းတရားများစွာဖြင့်                                    (With a lot of Hatred)Donde viven las historias. Descúbrelo ahora