အခန်း ၃၁ (Chapter 31)

7K 560 6
                                    

(Unicode Version)


၂၀၂၆ခုနှစ်၊ မတ်လ ၁၀ရက်၊ ည ၁၂နာရီ

"🎶...🎶...🎶"

အိပ်ပျော်‌နေချိန်မှာ ထ,မြည်လာတဲ့ ဖုန်းသံကြောင့် သူ လန့်နိုးသွားတော့သည်။ ဖုန်းနံပါတ်ကို လှမ်းကြည့်လိုက်တော့ ပြည်တွင်းဖုန်း မဟုတ်ပေ။ နိုင်ငံခြားကနေ သူ့ဆီ လှမ်းဆက်မယ့်သူ ဘယ်သူများ ရှိလို့လဲ!?

"ဟယ်လို..."

"ဟယ်လို...ဒါ ကိုသူရိန်ကို့ဖုန်းလား ခင်ဗျ!?"

ဒီအသံက သူ့ရဲ့ရန်သူတော်ကြီး ထွဋ်ခေါင်ဦးရဲ့အသံပင် ဖြစ်သည်။ အိပ်ပျော်နေတဲ့ ဒန်နီရယ့်ကို သူ လှမ်းကြည့်လိုက်ပြီး အခန်းအပြင်ဘက်ကို ထွက်လာခဲ့တော့သည်။

"ဟုတ်ပါတယ်။ ဘာကိစ္စများ ရှိလို့ပါလဲ!?"

"ညဘက်ကြီး လှမ်းဆက်လိုက်ရတာတော့ အားနာပါတယ်။ ဒါပေမဲ့ ကျွန်တော်လည်း အခုမှ အလုပ်အားတာမို့လို့ပါ။"

"ဟုတ်ကဲ့...ရပါတယ်။ ပြောပါခင်ဗျ။"

"ကျွန်တော်တို့တိုင်ပင်ထားတဲ့ စီမံကိန်းကိစ္စကို မှတ်မိသေးတယ်မလား!?"

"ဟုတ်ကဲ့။"

"အဲဒီစီမံကိန်းအတွက် လိုအပ်တဲ့ ဒီဇိုင်းတွေကို ကိုသူရိန်ကိုတို့ဘက်က အဆင်သင့်ပြင်ထားပေးဖို့ ပြောချင်လို့ပါ။"

"ဟုတ်ကဲ့...ကျွန်တော်တို့ဘက်က အခု စ,ပြီး ပြင်ဆင်နေပါပြီ။"

"ပြီးတော့ ကျွန်တော် အထူးမှာချင်တာက အဲ့ဒီဇိုင်းတွေကို လုံး၀ မပေါက်ကြားသွားစေဖို့ပါပဲ။ နိုင်ငံတကာနဲ့ ဆက်ဆံနေရတာဆိုတော့ သူတို့ဘက်က စိတ်ပျက်သွားလို့ မဖြစ်ဘူးလေ။"

"ဒီအတွက်တော့ စိတ်ချပါခင်ဗျ။ ကုမ္ပဏီမှာ ကျွန်တော်နဲ့ ဒီဇိုင်းအဖွဲ့ပဲ ဒီကိစ္စကို သိထားကြတာပါ။"

"ဒါဆိုရင်တော့ ကျွန်တော်လည်း စိတ်ချသွားပါပြီ။ အိပ်နေတာကို အနှောင့်အယှက် ပေးသလို ဖြစ်သွားရင် တောင်းပန်ပါတယ်။"

"ရပါတယ်ခင်ဗျ။"

သူ ဖုန်းချလိုက်ပြီး အခန်းထဲ ပြန်၀င်လာချိန်မှာ ဒန်နီရယ်က အိပ်မောကျနေဆဲပင် ဖြစ်သည်။ သူ ဒန်နီရယ့်ကို ပွေ့ဖက်ပြီး ပြောလိုက်မိသည်။

အမုန်းတရားများစွာဖြင့်                                    (With a lot of Hatred)Where stories live. Discover now