အခန်း ၄၀ (Chapter 40)

8.4K 523 18
                                    

(Unicode Version)


၂၀၂၆ခုနှစ်၊ ဧပြီလ ၆ရက်၊ နံနက် (၆)နာရီ

"🎵...🎵...🎵"

နံနက်ခင်းရဲ့တိတ်ဆိတ်မှုကို ဖုန်းမြည်သံက ဖျက်ဆီးလိုက်လေသည်။ 'ဒီဖုန်းသံက သူရိန်ညီဆီက အ၀င်ဖုန်းအတွက် သူ သီးသန့်ထားတဲ့ သီချင်းသံပဲ။ သူရိန်ညီက သူ့ဘေးနားမှာ ရှိနေရဲ့သားနဲ့ ဘာလို့ ဖုန်းလှမ်းခေါ်ရတာလဲ!?' သူ မျက်လုံးတွေကို ဖွင့်ကြည့်လိုက်ချိန်မှာ နံဘေးမှာ သူရိန်ညီက ရှိမနေတော့ပေ။ သူ စိတ်ပူပန်စွာဖြင့် ဖုန်းကို အမြန်ပြန်ဖြေလိုက်ရတော့သည်။

"ညီ...မင်း အခု ဘယ်မှာလဲ!?"

"ကျုပ် အခု ဦးဆီ ပြန်သွားနေတာ။"

"ဘာလို့လဲ!? မင်းပဲ မနေ့ညက ကိုယ်နဲ့အတူ ထွက်သွားမယ်လို့ ပြောထားတာလေ။"

"ကျုပ်ရဲ့စကားအတိုင်း မနေ့ညက ခင်ဗျားနဲ့အတူတူ ထွက်ပြေးခဲ့ပြီးပြီပဲ။ အခု လက်တွေ့ဘ၀ထဲကို ပြန်သွားဖို့ အချိန်ကျပြီ။ ခင်ဗျားလည်း ခင်ဗျားနဲ့ သက်ဆိုင်တဲ့နေရာဆီကိုသာ ပြန်သွားလိုက်ပါ။ ကျုပ်တို့ရဲ့ပတ်သက်မှုကို ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ရအောင်။"

"ကိုယ် မင်းနဲ့ မခွဲနိုင်ဘူး...ညီ။ ကိုယ့်အမှားတွေအတွက် မင်း ကြိုက်သလို အပြစ်ပေးလို့ ရပါတယ်။ ကိုယ့်ဆီကိုတော့ ပြန်လာခဲ့ပေးပါနော်။"

"ခင်‌ဗျားနဲ့တွေ့တိုင်း လွန်ခဲ့တဲ့ တစ်နှစ်ကျော်က အိမ်မက်ဆိုးကို ကျုပ် ပြန်မြင်မက်နေရတယ်...ဦးသူရိန်ကို။ ခင်ဗျားအပေါ်ထားတဲ့ ကျုပ်ရဲ့အမုန်းတရားတွေက အချိန်ကြာလာလေလေ၊ ပိုပြီး အမြစ်တွယ်လာလေလေပဲ။ ကျုပ်ကို ဒီနာကျင်မှုတွေကနေ လွတ်မြောက်ခွင့်ပေးပါတော့။"

သူ့ရဲ့အတ္တကြောင့် သူရိန်ညီ့ကို နောက်တစ်ခါ မထိခိုက်စေချင်တော့ပေ။ သူရိန်ညီရဲ့ပျော်ရွှင်မှုနဲ့ သူ့ရဲ့နှလုံးသားကို လဲလှယ်ပေးလိုက်သင့်ပြီ မဟုတ်ပါလား!?

"ကိုယ့်ကြောင့် မင်း ထပ်ပြီး မနာကျင်စေရတော့ပါဘူး...ညီရယ်။"

သူ့စကားကိုကြားချိန်မှာ သူရိန်ညီက ဖုန်းချသွားလေတော့သည်။ သူရိန်ညီနဲ့ပတ်သက်တဲ့ အမှတ်တရပေါင်းများစွာ သူ့မှာ ရှိခဲ့ဖူးသည်။ ထိုအမှတ်တရတွေကို တမ်းတလွမ်းဆွတ်ပြီး နောင်တတရားတွေကို ပွေ့ပိုက်ရင်းနဲ့ ကျန်ရှိနေတဲ့ဘ၀ကို နေထိုင်သွားဖို့က သူ့အတွက် အပြစ်ဒဏ်ပဲ ဖြစ်ပါလိမ့်မည်။

အမုန်းတရားများစွာဖြင့်                                    (With a lot of Hatred)Where stories live. Discover now