အခန်း ၁၂ (Chapter 12)

10.8K 817 33
                                    

(Unicode Version)


၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၂၄ရက်

သုံးရက်ကြာသည်အထိ သူရိန်ညီရဲ့အလောင်းကို ကယ်ဆယ်ရေးသမားတွေ ရှာမတွေ့ခဲ့ကြပေ။ နီးစပ်ရာဆေးရုံတွေရဲ့ အရေးပေါ်ဌာနအားလုံးကို သူ လိုက်စုံစမ်းကြည့်ပေမယ့်လည်း သတင်းအစ,အန လုံး၀ မကြားရတာမို့ စိတ်ပျက်‌အားလျှော့စ,ပြုလာတော့သည်။ ထိုစဉ် သူ့ဖုန်း မြည်သံကို ကြားလိုက်ရသည်။

"ဟယ်လို"

"ဟယ်လို...ဒီဖုန်းက ကိုသူရိန်ကိုရဲ့ဖုန်း ဟုတ်ပါသလား ခင်ဗျ!?"

"ဟုတ်ပါတယ်။ ဘာကိစ္စများ ရှိလို့ပါလဲ!?"

"ကျွန်တော်တို့ အမည်မဲ့ အလောင်းတစ်ခုတွေ့ထားလို့ပါ။"

အလောင်းဆိုတဲ့အသံကြောင့် သူ ခဏတာ တွေဝေသွားတော့သည်။ သူ မျှော်လင့်ထားတာက အရေးပေါ်ခန်းကို ရောက်လာမယ့် သူရိန်ညီ့ကိုသာ ဖြစ်သည်။ သက်မဲ့ရုပ်အလောင်းတစ်ခုတော့ မဟုတ်ခဲ့ပေ။ ဒါပေမဲ့ ဒီလောက် မြင့်တဲ့ ချောက်ကမ်းပါးတစ်ခုကနေ ပြုတ်ကျခဲ့သူတစ်ယောက်က အခုချိန်ထိ အသက်ရှင်နေဦးမယ်ဆိုတာကရော ဘယ်လိုလုပ် ဖြစ်နိုင်ချေရှိပါ့မလဲ!? သူ ချက်ချင်းလာခဲ့မယ်ဆိုတဲ့အကြောင်း ပြန်ဖြေလိုက်ပြီး ထိုဆေးရုံရှိရာဆီ ထွက်လာခဲ့လိုက်တော့သည်။ ဆေးရုံ၀န်ထမ်းရဲ့ခေါ်ဆောင်ရာနောက်ကို သူ လိုက်သွားရင်း ရေခဲတိုက်ထဲကို ရောက်လာခဲ့တော့သည်။ အထဲမှာ အ၀တ်ဖြူလွှမ်းထားတဲ့ ရုပ်အလောင်းတစ်ခုက သူ့ကို ကြိုဆိုနေလေသည်။

"အစ်ကို ရှာနေတဲ့သူ ဟုတ်၊မဟုတ်ဆိုတာကို တစ်ချက်လောက် စစ်ကြည့်ပေးပါလား!?"

ဖေဖေနဲ့မေမေရဲ့အလောင်းတုန်းက သူ စစ်ပေးခဲ့ပေမယ့် ဒီအလောင်းကိုတော့ စစ်မပေးရဲသလိုပင်။ အမှန်တရားကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရရင် သူ ဘယ်လိုစိတ်နဲ့ လက်ခံပေးနိုင်မှာလဲ!? တွေဝေနေတဲ့ သူ့ကို ဆေးရုံ၀န်ထမ်းတွေက ပစ္စည်းလေးတစ်ခု ယူလာပြီး ပြလေသည်။

"အလောင်းကို ရှာတွေ့တုန်းက သူ့လက်မှာ ဒီနာရီ ပတ်ထားပါတယ်။"

အမုန်းတရားများစွာဖြင့်                                    (With a lot of Hatred)Donde viven las historias. Descúbrelo ahora