အခန်း ၁၀ (Chapter 10)

11.7K 854 14
                                    

(Unicode Version)


၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၂၀ရက်

မနက်ဖြန်ဆို သူရိန်ညီရဲ့စေ့စပ်ပွဲရှိတာမို့ သူ စီစဉ်စရာရှိတာတွေကို စီစဉ်ရင်း ညဉ့်နက်သည်အထိ မအိပ်ရသေးဘဲ ရှိလေသည်။ ထိုစဉ် တံခါးခေါက်သံ လေးချက်ကို ကြားလိုက်ရတော့သည်။

"၀င်ခဲ့လေ...ညီ။ ကိုကို မအိပ်သေးပါဘူး။"

သူ့အသံကြားတော့ သူရိန်ညီက တံခါးဖွင့်ပြီး အခန်းထဲ ၀င်လာလေသည်။

"ကိုကို...ညဉ့်နက်နေပြီလေ။ မအိပ်သေးဘူးလား!?"

သူရိန်ညီက သူ့မွေ့ယာပေါ်မှာ ထိုင်ပြီး မေးလိုက်သည်။

"မနက်ဖြန်ပွဲအတွက် စီစဉ်စရာလေးတွေ ရှိနေသေးလို့ပါ။ ညီကရော...မအိပ်သေးဘူးလား!?"

"ညီ အိပ်မပျော်လို့ ကိုကိုနဲ့အတူ အိပ်ရအောင် လာခဲ့တာ။"

မနက်ဖြန်လုပ်မယ့် စေ့စပ်ပွဲကြောင့် သူ့ညီလေး စိတ်ပူနေတာ ထင်ပါရဲ့။ သူ လုပ်လက်စ အလုပ်တွေကို ချထားခဲ့ပြီး သူရိန်ညီ့ဘေးမှာ သွားထိုင်လိုက်မိသည်။

"မနက်ဖြန်အတွက် စိတ်ပူနေတာလား ညီ!?"

သူ့အမေးကို ပြန်မဖြေဘဲ ခေါင်းကိုသာ ငုံ့ထားတဲ့ သူ့ညီလေးရဲ့ဆံနွယ်စလေးတွေကို ညင်သာစွာ ပွတ်သပ်ပြီး သူ အားပေးစကားပြောလိုက်မိသည်။

"ဘာမှ စိတ်မပူပါနဲ့ ညီရဲ့။ ညီ့ဘေးမှာ ကိုကို တစ်ချိန်လုံး ရှိနေမှာပါ။"

သူ့စကားကိုကြားတော့ သူရိန်ညီက ဖြည်းဖြည်းချင်း ခေါင်းမော့လာပြီး ပြောလေသည်။

"ညီ...‌ဒီစေ့စပ်ပွဲကို ဖျက်လိုက်ရင် ကောင်းမလားဟင်!?"

ဘာလို့လဲဆိုတဲ့မေးခွန်းကို သူ မမေးမိခဲ့ပါ။ သူကိုယ်တိုင်ကလည်း ဒီစေ့စပ်ပွဲနီးလာတာနဲ့အမျှ စိတ်တွေ လေးလံလာခဲ့သလိုပင်။

"ညီ...ဒီလောက်တောင် စိတ်ပင်ပန်းနေတယ်ဆိုရင်‌လည်း ဦးမျိုးမြတ်ကို ပြောပြီး စေ့စပ်ပွဲ ဖျက်လိုက်ကြတာပေါ့။"

သူ့စကားကို ကြားတော့ သူရိန်ညီက အံ့ဩသလို ကြည့်ရင်း မေးလေသည်။

အမုန်းတရားများစွာဖြင့်                                    (With a lot of Hatred)Where stories live. Discover now