အခန်း ၇ (Chapter 7)

13.6K 1.1K 29
                                    

(Unicode Version)


၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၃ရက်

"ဒေါက်...ဒေါက်...ဒေါက်...ဒေါက်"

တံခါးခေါက်သံ လေးချက်ကြောင့် ရုံးခန်းထဲမှာ စာရွက်စာတမ်းတွေ စစ်ဆေးနေရင်းက သူ ပြုံးပြီး မော့ကြည့်လိုက်မိသည်။ ရုံးခန်းတံခါးကို မှီပြီးရပ်ရင်းက ပါးချိုင့်လေးနှစ်ခုပေါ်အောင် ပြုံးနေတဲ့ အသားဖြူဖြူ၊ အရပ်ရှည်ရှည် ကောင်လေးတစ်ယောက်ကို သူ တွေ့လိုက်ရသည်။ အသက်(၁၆)နှစ်အရွယ် နုငယ်ပျိုမြစ်မှုတွေနဲ့ လိုက်ဖက်ညီစွာ ၀တ်စားဆင်ယင်တတ်မှုတွေကြောင့် ဒီကောင်လေးနားမှာ မိန်းကလေးတော်တော်များများ ရစ်ဝဲနေတတ်မှန်း သူ သတိထားမိခဲ့တာ ကြာပါပြီ။ ဒါပေမဲ့ ဒီကောင်လေးကတော့ သူ့အမိန့်မရဘဲ ချစ်သူမထားဘူးလို့ ကတိပေးထားခဲ့လေသည်။

"ကိုကိုကတော့...ကြာလာလေ‌၊ အဖိုးကြီးအိုလေးနဲ့ တူလာလေပဲ။ တစ်နေကုန် ရုံးခန်းထဲမှာပဲ ထိုင်နေရတာ မညောင်းဘူးလား!?"

သူရိန်ညီက သူ့စားပွဲခုံပေါ်မှာ လက်ထောက်ရင်း မေးလိုက်လေသည်။

"မညောင်းပါဘူး ညီရဲ့။ ၀တ်စားထားပြီးတော့ ဘယ်သွားမလို့လဲ!?"

"ဒီနေ့က ဟန်နီ့မွေးနေ့လေ။ သူက ကိုကို့ကိုလည်း ဖိတ်ထားတယ်။ အဲ့ပွဲကို ညီနဲ့ အတူတူသွားရအောင်နော်။"

ဟန်နီဆိုတဲ့ကလေးမက သူတို့ကုမ္ပဏီမှာ အကြီးဆုံးရှယ်ယာရှင်ရဲ့သမီး ဖြစ်သည်။ သူမ,က သူရိန်ညီ့အတွက် အသင့်တော်ဆုံး အိမ်ထောင်ဘက်အဖြစ် သူ ခံယူထားလေသည်။ ဒီတော့ သူမ,တို့နှစ်ဦး နီးစပ်နိုင်ဖို့ သူ ၀င်ပါပေးမှ ဖြစ်ပေတော့မည်။

"ကောင်းပြီလေ။ ကိုကို လိုက်ခဲ့မယ်။"

သူတို့နှစ်ဦး ဟန်နီမွေးနေ့ပွဲကို ထွက်လာခဲ့ကြတော့သည်။ ဟန်နီတို့ရဲ့အိမ်က သူတို့အိမ်ထက် အဆ,ပေါင်းများစွာ ကြီးမားပြီး ကျယ်၀န်းလှသည်။ သူရိန်ညီသာ ဒီအိမ်ရဲ့သားမက်ဖြစ်ခဲ့ရင် သူ့ဘ၀လည်း တော်တော် ဖြောင့်ဖြူးသွားရှာမှာ။ သူ့အတွေးတွေနဲ့ မျောနေချိန်မှာပဲ ဟန်နီက ထွက်လာပြီး ကြိုလေသည်။

အမုန်းတရားများစွာဖြင့်                                    (With a lot of Hatred)Where stories live. Discover now