အခန်း ၅ (Chapter 5)

14K 1.1K 39
                                    

(Unicode Version)


၂၀၂၀ခုနှစ်၊ ဧပြီလ ၂၁ရက်

ဒီနေ့က သူရိန်ညီရဲ့(၁၂)နှစ်ပြည့် မွေးနေ့ဖြစ်သည်။ အားလုံးက မွေးနေ့ပွဲအတွက် အလုပ်ရှုပ်နေကြတာမို့ အခန်းထဲမှာပဲ ကုမ္ပဏီက စာရင်းတွေကို ထိုင်စစ်နေလိုက်သည်။ သူ တက္ကသိုလ်က ဘွဲ့ရပြီးပြီးချင်းမှာပဲ ဖေဖေက ကုမ္ပဏီမှာ အလုပ်သင်အဖြစ် ၀င်လုပ်ခိုင်းခဲ့သည်။ စာရင်းတွေ စစ်နေတုန်းမှာ အခန်းတံခါးခေါက်သံကို သူ ကြားလိုက်ရသည်။ တံခါးခေါက်သံက စုစုပေါင်း လေးချက်မို့  ထ,ဖွင့်မကြည့်ခင်အချိန်ထဲက ဘယ်သူလဲဆိုတာကို သိပြီးသားပင်ဖြစ်သည်။

"ဘာကိစ္စရှိလို့လဲ!?"

သူ့မေးခွန်းကို သူရိန်ညီက အလိုမကျစွာ ပြန်ဖြေလေသည်။

"ကိုကိုကလည်း...ညီ့မွေးနေ့ပွဲအတွက် နည်းနည်းပါးပါးတောင် လာမပြင်ဆင်ပေးဘူး။"

မွေးနေ့ပွဲအတွက် သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားတဲ့ သူရိန်ညီ့ကို သူ တစ်ချက်လှမ်းကြည့်လိုက်သည်။ အသားဖြူပြီး မျက်၀န်းအညိုရောင်ရှိတဲ့ ဒီကောင်လေးက ပင်ပန်းဆင်းရဲမှုဆိုတာကို တစ်ခါမှ မခံစားဖူးတဲ့ မင်းသားတစ်ပါးလိုပင်။ မိဘတွေကလည်း ချမ်းသာပြီး လူကလည်း ကြည့်ကောင်းတော့ သူ့လို အခိုင်း‌အစေကောင်နဲ့ ဘယ်နေရာမှ တူနိုင်ဖွယ်ရာ မရှိပေ။ ဒီအချက်တွေကြောင့်လည်း ဒီကောင်လေးကို မနာလိုဖြစ်ပြီး မုန်းတီးနေမိတာပေါ့။

"ငါ လူတွေ ရှုပ်နေရင် မနေတတ်ဘူး။"

သူ့ရဲ့ငြင်းပယ်မှုကို သူရိန်ညီက လက်မခံခဲ့ပေ။

"ပွဲက စတော့မှာ ကိုကိုရဲ့။ ခဏလောက်တော့ ဆင်းလာပါဦး။"

သူ့လက်မောင်းကို အတင်းဆွဲပြီး ခေါ်နေတဲ့ သူရိန်ညီ့ကို ဆက်ငြင်းနေလို့ မရတော့တာမို့ သူ လိုက်ခဲ့ရတော့သည်။ ခြံ၀န်းထဲမှာ မွေးနေ့ပွဲအတွက် ခုံတွေ ခင်းကျင်းပြီး ပူဖောင်းတွေတောင် ချိတ်ထားပြီးလေပြီ။ နေ့တိုင်း မြင်နေရတဲ့ ဒီအိမ်က အခုလို ပြင်ဆင်လိုက်တော့လည်း အမြင်တစ်မျိုး ပြောင်းသွားသလိုပင်။

အမုန်းတရားများစွာဖြင့်                                    (With a lot of Hatred)Donde viven las historias. Descúbrelo ahora