အခန်း ၁ (Chapter 1)

52.3K 1.7K 34
                                    

(Unicode Version)


၂၀၀၅ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ရက်

"မေတ္တာအိမ်လေး" မိဘမဲ့ဂေဟာရှေ့တွင် ကားအကောင်းစားတစ်စီး လာရပ်တာမို့ မြတ်သီဟ ကစားနေရာက မော့ကြည့်လိုက်မိသည်။ ကားပေါ်က ခပ်ချောချောအမျိုးသမီးတစ်ဦးနဲ့ ကြည့်ကောင်းတဲ့အမျိုးသားတစ်ဦး ဆင်းလာလေသည်။ သူတို့နှစ်ဦးကို ကြည့်ရင်းနဲ့ 'သူတို့သာ ငါ့မိဘတွေ ဖြစ်ရင် သိပ်ကောင်းမှာပဲ' လို့ တွေးနေမိတော့သည်။ အဲ့လိုသာ ဖြစ်ခဲ့ရင် ကျောင်းမှာလည်း အနှိမ်ခံရစရာ မလိုတော့ဘူး။ စားချင်တဲ့ မုန့်တွေကိုလည်း စားလို့ရမယ်။ ညဘက်အိပ်ရင်လည်း ပုံပြင်ပြောပြပေးကြလိမ့်မယ်။ သူ အတွေးတွေနဲ့ ပျော်နေချိန်မှာပဲ ထိုအမျိုးသမီးက သူ့ဆီ တန်းတန်းမတ်မတ် လျှောက်လာလေသည်။

"သားလေး...ဂေဟာမှူးရုံးခန်းကို အန်တီတို့ကို လိုက်ပြပေးလို့ ရမလား!?"

ထိုအမျိုးသမီးက သူ့ကို လက်လှမ်းပေးလေသည်။ သူ ပျော်သွားပြီး လှမ်းကိုင်ဖို့ ပြင်လိုက်ချိန်မှာ သူ့လက်က သဲတွေနဲ့ ပေပွနေတာကို တွေ့လိုက်ရသည်။ ထိုအန်တီ့ရဲ့လက်လှလှလေး သူ့ကြောင့် ပေသွားမှာကို စိုးရိမ်တာကြောင့် သဲတွေကို သူ့ဘောင်းဘီနဲ့ အမြန်ပွတ်သုတ်လိုက်မိတော့သည်။ ပြောင်စင်လောက်ပြီလို့ ထင်တော့မှ သူမ,ရဲ့လက်ကို လှမ်းကိုင်ပြီး ဂေဟာမှူးရုံးခန်းကို ခေါ်သွားလိုက်လေသည်။

"ဪ...စောစောက ဖုန်းဆက်ထားကြတဲ့သူတွေ ထင်တယ်။ အထဲကို ကြွပါရှင့်။"

ဂေဟာမှူးက ထိုသူနှစ်ဦးကို နှုတ်ဆက်ရင်း ထိုင်ခုံမှာ နေရာချထားပေးလိုက်သည်။

"သား...ပြန်သွားဆော့လို့ ရပြီနော်။ ဆရာမတို့ စကားပြောလိုက်ဦးမယ်။"

သူ မထွက်သွားချင်ပေမယ့် ဂေဟာမှူးရဲ့စကားကြောင့် လေးပင်စွာနဲ့ ခြေလှမ်းပြင်လိုက်ရသည်။

"သားလေး...ခဏလာပါဦး။"

ထိုအချိန်မှာ ထွက်ပေါ်လာတဲ့ အသံကြောင့် သူ အတိုင်းမသိ ပျော်သွားမိ‌တော့သည်။ လှည့်ကြည့်လိုက်တော့ ဧည့်သည်အန်တီက သူ့ကို လက်ယပ်ပြီး လှမ်းခေါ်နေလေသည်။ သူမ,အနားကို သူ ဖြည်းညင်းစွာ ချဉ်းကပ်သွားလိုက်မိသည်။

အမုန်းတရားများစွာဖြင့်                                    (With a lot of Hatred)Dove le storie prendono vita. Scoprilo ora