အခန်း ၉ (Chapter 9)

11.9K 925 12
                                    

(Unicode Version)


၂၀၂၄ခုနှစ်၊ စက်တင်ဘာ ၁၁ရက်

"ကိုကို..."

ခြံထဲမှာ ပန်းပင်တွေကို ရေလောင်းနေတဲ့ သူ့ကို သူရိန်ညီက လှမ်းခေါ်လေသည်။ သူ လှည့်ကြည့်လိုက်တော့ သူရိန်ညီ့ပုံစံက သိပ်မရွှင်ပျသလို ဖြစ်နေသည်။

"ဘာဖြစ်လို့လဲ...ညီ!?"

သူ့အမေးကို သူရိန်ညီက လေးပင်စွာ ပြန်ဖြေလိုက်သည်။

"ဟန်နီက ညီနဲ့ စေ့စပ်ဖို့ကို သဘောတူတယ်တဲ့။"

ဒီစကားကိုကြားတော့ သူ့စိတ်ထဲမှာ နေလို့မကောင်းသလို ခံစားလိုက်ရသည်။ သူ့အတွက် ဒါက မင်္ဂလာစကားပဲ မဟုတ်လား!? ဒါတောင် ဘာလို့ စိတ်မကောင်းဖြစ်နေရတာလဲ!? သူ့ညီက သူ့ကို စွန့်ခွါသွားတော့မယ်လို့ တွေးမိလို့များလား!? သူ့ရင်ထဲက ခံစားချက်တွေကို အမြန်ဆုံး ဖုံးကွယ်ပြီး သူရိန်ညီ့ကို ပြုံးရွှင်စွာ ပြောလိုက်လေသည်။

"ဟ...ဒါ ပျော်စရာကိစ္စပဲလေ။ ဘာလို့ ပြုံးပြုံးရွှင်ရွှင် မနေရတာလဲ ညီရဲ့။"

သူက သူရိန်ညီရဲ့ပခုံးတစ်ဖက်ကို လှမ်းကိုင်ပြီး ပြောလိုက်သည်။ ဒါပေမဲ့ သူရိန်ညီ့မျက်နှာက စိတ်ညစ်စရာတစ်ခုခု ရှိနေသလိုပင်။ အသက်(၁၆)နှစ်ဆိုတာက စေ့စပ်တာတွေ၊ လက်ထပ်တာတွေနဲ့ အလှမ်းကွာနေသေးတဲ့ အရွယ်မှန်း သူ သိပါသည်။ တက္ကသိုလ်မှာ ပျော်ပျော်ပါးပါး ပညာသင်ပြီး အချစ်ဆိုတာကို မြည်းစမ်းကြည့်ချင်ကြတဲ့ အရွယ်လေးတွေပဲ မဟုတ်လား!? သူ့သဘောအရ လက်ခံလိုက်ရတဲ့ စေ့စပ်ပွဲကို သူရိန်ညီ့ဘက်က လိုလိုလားလား မရှိတာ သဘာ၀ကျပေသည်။

"ကိုကိုက ညီ့ရှေ့ရေးအတွက် စီစဉ်ပေးတာပါကွာ။ ဟန်နီက အရမ်းလှပြီး ယဉ်ကျေးတဲ့ မိန်းမကောင်းလေးဆိုတာ ညီလည်း သိသားပဲ။ သူနဲ့ ဒီထက် ပိုပြီးရင်းနှီးအောင် နေရင်းနဲ့ နောက်ဆို သံယောဇဉ်ပိုလာမှာပါ။"

သူ့စကားတွေကို သူရိန်ညီက ငြိမ်သက်စွာ နားထောင်နေလေသည်။ ညီ့သဘောမပါဘဲ ဒီစေ့စပ်ပွဲကို စီစဉ်မိတာ မှားပြီလားလို့ သူ တွေးနေမိသည်။ ဒါပေမဲ့ စကား‌တွေက လွန်ကုန်ပြီလေ။ မိန်းကလေးဘက်က လက်ခံပြီးကာမှ သူတို့ဘက်က ငြင်းလိုက်ရင် နှစ်ဦးနှစ်ဖက်လုံးအတွက် မျက်နှာပျက်စရာတွေ ဖြစ်ရတော့မယ်။ ဒီကိစ္စကို သူရိန်ညီ လက်ခံလာအောင် သူ ဖျောင်းဖျဖို့သာ ရှိပေတော့သည်။

အမုန်းတရားများစွာဖြင့်                                    (With a lot of Hatred)Where stories live. Discover now