အခန်း ၂၁ (Chapter 21)

7.8K 631 10
                                    

(Unicode Version)


၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ရက်

အလုပ်ပိတ်ရက် စနေနေ့တိုင်း သူရိန်ညီနဲ့ လျှောက်လည်နေကြ အမှတ်တရလေးတွေကို ဒန်နီရယ်နဲ့ အစားထိုးကြည့်ဖို့ သူ စိတ်ကူးရမိ‌တော့သည်။

"ဒီနေ့ ကိုယ်တို့ လျှောက်လည်ကြရအောင်။"

ရေချိုးခန်းထဲက ထွက်လာတဲ့ ဒန်နီရယ့်ကို သူ လှမ်းပြောလိုက်မိသည်။ ဒန်နီရယ်ကတော့ လက်ခံတယ်လို့လည်း မပြောသလို ငြင်းလည်း မငြင်းခဲ့ပေ။ ဒီတော့ ကိုယ့်သဘောနဲ့ကိုယ် သူ လိုက်လိမ့်မယ်လို့သာ ယူဆလိုက်မိတော့သည်။

"မင်း ဘယ်နေရာ သွားချင်လဲ!?"

ဒန်နီရယ်က အ၀တ်အစား၀တ်ရင်း လှည့်မကြည့်ဘဲ ဖြေလေသည်။

"ခင်ဗျား သွားချင်တဲ့ဆီ သွားပေါ့။"

"ဒါဆို ကစားကွင်းကို သွားရအောင်။"

ဒီတစ်ခါလည်း ဒန်နီရယ်က ဘာမှ ပြန်မဖြေခဲ့ပေ။ ဒါပေမဲ့ ဆိတ်ဆိတ်နေခြင်းက ၀န်ခံခြင်းတစ်မျိုးပဲ မဟုတ်လား!? အပြင်သွားဖို့ အ၀တ်အစား ၀တ်ပြီးသွားချိန်မှာ ဒန်နီရယ်က သူ့ကို တအံ့တဩ ကြည့်ပြီး ဆိုလေသည်။

"ဒီလိုပုံစံနဲ့ ကစားကွင်း သွားမလို့လား!?"

ဒန်နီရယ့်စကားကြောင့် သူ့ကိုယ်သူ ပြန်ကြည့်လိုက်မိသည်။ ရှပ်အင်္ကျီလက်ရှည်နဲ့ စတိုင်ဘောင်းဘီကို ၀တ်ထားတဲ့ သူ့ပုံစံက ဘာများ ဖြစ်နေလို့လဲ!?

"ကိုယ့်ပုံစံက ဘာဖြစ်နေလို့လဲ!?"

"အခုဟာက ကစားကွင်းသွားမှာနော်။ ရုံးသွားတက်မှာ မဟုတ်ဘူး။ ပုံစံကိုက အဖိုးကြီးပုံစံနဲ့။"

ဒန်နီရယ်က ပြောပြီးပြီးချင်း သူ့ဘီရိုထဲကို ကြည့်လိုက်လေသည်။ သူ့အ၀တ်အစားတွေအားလုံးက လူကြီးလူကောင်းဆန်တဲ့ပုံစံတွေချည်းပဲမို့ ဒန်နီရယ် စိတ်ပျက်သွားပုံရသည်။

"ခင်ဗျား ဒီပုံစံအတိုင်း ကစားကွင်းသွားမယ်ဆိုရင်တော့ ကျုပ် မလိုက်ချင်တော့ဘူး။"

ဒန်နီရယ့်စကားကြောင့် သူ ပျာပျာသလဲ ပြောလိုက်ရတော့သည်။

အမုန်းတရားများစွာဖြင့်                                    (With a lot of Hatred)Where stories live. Discover now