(Unicode Version)
၂၀၂၆ခုနှစ်၊ မတ်လ ၃၀ရက်ဒီဇိုင်းအသစ် ပြန်ရေးဆွဲဖို့နဲ့ ဟိန်းဇော်ကို ရှာဖို့အတွက် တစ်ပတ်လုံးလုံး အနားယူချိန်ပင် မရှိဘဲ သူ ကြိုးပမ်းနေခဲ့ရသည်။
"🎶...🎶...🎶"
ဖုန်းမြည်သံကြောင့် အလုပ်ထဲ စိတ်နှစ်ထားရာကနေ သူ လှမ်းကြည့်လိုက်မိသည်။ ခေါ်ဆိုသူက ဦးမျိုးမြတ် ဖြစ်နေလေသည်။
"ဟယ်လို..."
"ဟယ်လို...သူရိန်ကိုလား!?"
"ဟုတ်ပါတယ်...ဦး။ ဘာကိစ္စများ ရှိလို့ပါလဲ!?"
"ညနေကျရင် ငါ့အိမ်ကို ခဏ၀င်လာခဲ့ပေးပါ။ မင်းနဲ့ တိုင်ပင်စရာကိစ္စလေးတွေ ရှိတယ်။"
"ဟုတ်ကဲ့ပါ...ဦး။ ကျွန်တော် လာခဲ့ပါ့မယ်။"
ဟန်နီ့အဖေက သူ့ကို ဘာအတွက် ခေါ်ရတာလဲ!? သူ့ကုမ္ပဏီကိစ္စကို ဟန်နီက သွားပြောပြထားလို့များလား!? ထိုနေ့ညနေ ကုမ္ပဏီကအပြန်မှာ ဦးမျိုးမြတ်ကို သူ သွားတွေ့ခဲ့ရတော့သည်။
"သမီးနဲ့ သူ့အမေက ခုနလေးတင်ပဲ ဈေး၀ယ်ထွက်သွားကြတယ်။ မင်း ဒီကိုလာမယ်ဆိုတာကိုလည်း သမီး မသိဘူး။"
"ဟုတ်ကဲ့...ကျွန်တော့်ကို အရေးတကြီး ပြောစရာ ရှိလို့များလား!?"
"မင်းရဲ့ကုမ္ပဏီမှာ ပြဿနာဖြစ်နေတယ်လို့ ကြားထားတယ်။ အဲဒါ ဟုတ်လား!?"
ဆက်ပြီးဖုံးကွယ်ထားလို့ မရတော့တာမို့ သူ ၀န်ခံလိုက်ရတော့သည်။
"ဟုတ်ပါတယ်။ ဒီဇိုင်းအဖွဲ့ထဲက တစ်ယောက်က တခြားကုမ္ပဏီတစ်ခုကို ဒီဇိုင်းတွေ ခိုးရောင်းသွားလို့ပါ။"
"လျော်ကြေးပေးရမှာလည်း များတယ်ဆို။"
"လျော်ကြေးအတွက်က ကျွန်တော့်မှာ ငွေအလုံအလောက် ရှိပါတယ်။ အခု ရင်ဆိုင်နေရတဲ့ပြဿနာက နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေ စိတ်မပျက်ရအောင် အချိန်တိုအတွင်းမှာ ဒီဇိုင်းပြန်ရေးဆွဲပေးဖို့ပါပဲ။ အဲ့ကိစ္စသာ ပြေလည်သွားရင် လျော်ကြေးလည်း ပေးဖို့ လိုတော့မှာ မဟုတ်ပါဘူး။"
YOU ARE READING
အမုန်းတရားများစွာဖြင့် (With a lot of Hatred)