အခန်း ၄ (Chapter 4)

14.7K 1.2K 22
                                    

(Unicode Version)


၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ရက်

သူ ဆယ်တန်းစာမေးပွဲကို ဂုဏ်ထူးခြောက်ဘာသာနဲ့ ထူးထူးချွန်ချွန် အောင်မြင်ခဲ့သည်။ ငယ်စဉ်ကတည်းက ဆရာ၀န်ဖြစ်ချင်ခဲ့တဲ့ သူ့ဝါသနာကို ဖေဖေနဲ့မေမေက မဖြည့်ဆည်းပေးခဲ့ပေ။ စီးပွါးရေးတက္ကသိုလ်တက်ဖို့သာ အမိန့်ပေးခဲ့တာမို့ သူတို့စေခိုင်းရာအတိုင်းသာ လိုက်က,ခဲ့ရတော့သည်။ သူရိန်ညီ့လက်ထဲကို ကုမ္ပဏီလွှဲပေးတဲ့အချိန်မှာ သူက အကူအညီပေးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကြောင့် ဒီလိုတက်ခိုင်းမှန်း သူ သိထားပြီးသားပင်။  အခုဆိုရင် သူက တက္ကသိုလ်တတိယနှစ်ကို ရောက်နေပြီး သူရိန်ညီက ငါးတန်းကျောင်းသားတစ်ယောက် ဖြစ်နေခဲ့လေပြီ။

"ကိုကို!!!"

သူရိန်ညီက ကျောင်းပေါက်၀နားမှာ ကားကိုမှီပြီး ရပ်စောင့်နေတဲ့ သူ့ကို လှမ်းခေါ်လိုက်သည်။ အာပြဲလန်အောင် အော်ခေါ်လိုက်တဲ့ အသံကြောင့် ဘေးကကျောင်းသားတွေပါ သူ့ကို ဝိုင်းကြည့်ကြတော့သည်။ သူရိန်ညီကတော့ ဒါတွေကို ဂရုမထားမိသလို ရုပ်မျိုးနဲ့ သူ့ဆီ ပြေးလာလေသည်။

"ကိုကို...စောင့်နေတာ ကြာပြီလား!?"

သူ ခေါင်းငြိမ့်ပြလိုက်မိသည်။ သူရိန်ညီ့နောက်က သူ့သူငယ်ချင်း တစ်အုပ်စုလုံးလည်း ပါလာကြပြန်သည်။

"ဒါ မင်းရဲ့အစ်ကိုလား!?"

ကောင်လေးတစ်ယောက်ရဲ့အမေးကို သူရိန်ညီက ပြုံးရွှင်စွာ ပြန်ဖြေလေသည်။

"ဟုတ်တယ်။ ငါ့ကိုကိုက မချောဘူးလား!?"

"မင်းထက် အများကြီးသာတယ် ဟေ့ကောင်။"

"ခွေးကောင်!!!"

သူရိန်ညီတို့ သူငယ်ချင်းအုပ်စုက အချင်းချင်း စနောက်ပြီး ကျောင်းပေါက်၀မှာ ဆူညံနေတော့သည်။ အေးချမ်းတာကို ကြိုက်လို့ သူငယ်ချင်း အပေါင်းအသင်းတောင် မထားခဲ့တဲ့ သူ့အတွက် ဒီလိုအသံတွေက နားမခံနိုင်လောက်အောင် ဆူညံနေသလိုပင်။ သည်းမခံနိုင်တော့တဲ့အဆုံးမှာ သူ စကားဖြတ်ပြောလိုက်လေသည်။

အမုန်းတရားများစွာဖြင့်                                    (With a lot of Hatred)Where stories live. Discover now