အခန်း ၃၃ (Chapter 33)

7.2K 588 68
                                    

(Unicode Version)


၂၀၂၆ခုနှစ်၊ မတ်လ ၁၈ရက်၊ နံနက် ၁၁နာရီ

မနေ့ညက ဘရန်ဒီရဲ့အရှိန်ကြောင့် သူ နေ့လည်ခင်းလောက်မှ နိုးထလာခဲ့ရလေသည်။ သူ နိုးထလာချိန်မှာ ပထမဆုံး မြင်တွေ့ချင်မိသူ ဒန်နီရယ့်ကို လှမ်းကြည့်လိုက်မိသည်။ ဒါပေမဲ့ နံဘေးက အေးစက်နေတဲ့နေရာလွတ်လေးတစ်ခုကိုသာ သူ မြင်တွေ့လိုက်ရလေသည်။ ဒီအချိန်လောက်ဆို ဒန်နီရယ်က အောက်ထပ်မှာ တီဗီသွားကြည့်နေလောက်ရောပေါ့။ သူ ရေသွားချိုးဖို့ ပြင်လိုက်ချိန်မှာ အိပ်ရာဘေးက စားပွဲပေါ်မှာ စာလေးတစ်စောင်ကို တွေ့လိုက်ရတော့သည်။ စာထဲမှာပါတဲ့ ရင်းနှီးကျွမ်း၀င်နေပြီးသား လက်ရေးလေးတစ်ခုက သူ့ကို အံ့အားသင့်စေခဲ့လေသည်။ ဒီလက်ရေးက သူရိန်ညီ့လက်ရေးပဲ။ ဘာလို့ ဒီစာက ဒီနေရာမှာ ရောက်နေရတာလဲ!? သူ သိလိုဇောနဲ့ စာကို အမြန်ဖတ်ကြည့်လိုက်မိတော့သည်။

"ကိုကို...

သူရိန်ညီအနေနဲ့ ကိုကို့ကို မတွေ့ရတာတောင် တစ်နှစ်‌ကျော်လောက် ကြာသွားခဲ့ပြီနော်။ ကံတရားဆိုတာကြီးက ရယ်ချင်စရာ မကောင်းဘူးလား!? ကျွန်တော့်ကို အရမ်းမုန်းတဲ့ ကိုကိုက ကျွန်တော့်ရဲ့ဟန်ဆောင်မျက်နှာဖုံးတစ်ခုဖြစ်တဲ့ ဒန်နီရယ့်ကို တယုတယနဲ့ တန်ဖိုးထားနေခဲ့မိတာလေ။ ကျွန်တော့်ကို ဦးရဲ့လက်ထဲကနေ အရမ်းကို ကယ်တင်ချင်နေတယ်ပေါ့။ ကျွန်တော်ကိုယ်တိုင်က လိုလိုလားလားနဲ့ ဦးရဲ့လက်ထဲကို အရောက်ခံခဲ့တယ်ဆိုတာကိုရော ကိုကို သိရဲ့လား!? ဘာလို့ ဒီလိုတွေ လုပ်ခဲ့ရလဲဆိုတဲ့ အကြောင်းပြချက်ကိုဝောာ့ ကိုကို ရိပ်မိလောက်မှာပါ။ ကျွန်တော့်ဘက်က ကိုကို့အပေါ် ဘာ‌တွေများ အမှားလုပ်ခဲ့မိလို့လဲ!? ဖေဖေနဲ့မေမေဆီက အချစ်တွေကို ကျွန်တော်က တမင်တကာ သိမ်းယူခဲ့လို့လား!? ကိုကို့ကို အစေခံတစ်ယောက်အနေနဲ့ ကျွန်တော် ဆက်ဆံခဲ့ဖူးလို့လား!? ဟန်နီနဲ့ စေ့စပ်ပွဲကိုတောင် ကိုကို့ဆန္ဒတစ်ခုတည်းနဲ့ ကျွန်တော် လက်ခံပေးခဲ့တာပဲ မဟုတ်လား!? ဒါတောင် ကျွန်တော် ချောက်ထဲပြုတ်ကျခါနီးမှာ မကယ်ဘဲ ထွက်သွားရလောက်တဲ့အထိ မုန်းတီးနေခဲ့တယ်ပေါ့။ အဲ့အချိန်ခဏလေးအတွင်းမှာ ကိုကို့စိတ်ထဲ ဘာတွေ ရှိနေမလဲဆိုတာ ကျွန်တော် အမျိုးမျိုး တွေးကြည့်ခဲ့ဖူးတယ်။ ဒါပေမဲ့ ကိုကိုနဲ့ ပြန်တွေ့ချိန်မှာ ကျွန်တော် အဲ့အဖြေကို သိသွားခဲ့ပါပြီ။ ကိုကိုက ကိုယ့်နာကျင်မှုတစ်ခုထဲကိုပဲ သိတဲ့ တစ်ကိုယ်ကောင်းသမား၊ အတ္တတွေ၊ လောဘတွေ ဖုံးလွှမ်းပြီး ကျွန်တော့်ကို သတ်ခဲ့တဲ့ လူသတ်သမားပဲ။ ကျွန်တော် ဆုံးရှုံးခဲ့ရသမျှကို ပြန်ယူဖို့ ကိုကို့ဆီကို ဒန်နီရယ်အနေနဲ့ ပြန်လာခဲ့တာ။ အခုတော့ ဦးကြောင့် ကျွန်တော့်ရဲ့ဆန္ဒတွေအားလုံး ပြည့်၀သွားခဲ့ရပြီ။ ဟန်နီနဲ့ ကိုကို့ရဲ့စေ့စပ်ပွဲလည်း ပျက်သွားခဲ့ရသလို ဒီအိမ်ကိုလည်း ဦးက ကျွန်တော့်အတွက် မင်္ဂလာဦးလက်ဆောင်အဖြစ်နဲ့ ကြို၀ယ်ပေးထားခဲ့ပြီးပြီ။ အခု ဦးရှိတဲ့ အမေရိကကို ကျွန်တော် လိုက်သွားတော့မယ်။ ကျွန်တော်တို့နှစ်ယောက် မြန်မာပြည်ကို ပြန်ရောက်လာရင် ကျင်းပမယ့် မင်္ဂလာပွဲကို တက်ဖြစ်အောင် လာတက်ဖို့လည်း ကြိုဖိတ်သွားပါရစေ။

အမုန်းတရားများစွာဖြင့်                                    (With a lot of Hatred)Where stories live. Discover now